မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက် ရန်ကုန်–မန္တလေး ကား လမ်းနံဘေး ရွှေမင်းဝန်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သည့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လောကမာရ်အောင်စေတီ တော်အား မူလစေတီအတိုင်း အသစ်တည်ထား မည်ဖြစ်ကြောင်း မိုးကောင်းကျောင်းတိုက် ဆရာတော်ဦးသာသနက မိန့်ကြားခဲ့ကြောင်း သိရသည်။
နှစ်ပေါင်း၁၀ဝကျော်
စေတီတော်ကို ရေနံချောင်းမြို့တွင်းစားရိုး ဘုရားဒါယကာ ကိုဘိုးရာ၊ မနှစ်တို့က ၂၀၆၀ ပြည့်နှစ် နတ်တော်လဆန်း ၁၄ ရက်တွင် တည်ထားကိုးကွယ်ခဲ့သော ကမ္ပည်းအရ နှစ်ပေါင်း ၁၁၈ နှစ်ရှိခဲ့ပြီဖြစ်သည်။
အသစ်ပြန်လည်တည်ထားရာတွင် ရှေး ဟောင်း သုတေသနဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးအောင်ကြိုင် ထံမှ အကြံဉာဏ်နှင့် အကူအညီများရရှိခဲ့ ကြောင်း တည်ဆောက်ရေးအဖွဲ့ဘဏ္ဍာရေးမှူး ဦးမြင့်ဦးက ပြောဆိုသည်။
မူလစေတီတော်သည် လွန်ခဲ့သော ၂၀၁၆ သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် စေတီ ဖောင်းရစ်အောက် ဝမ်းတော်ပေါက်ပြိုကျခဲ့ရ သည်။
ထိုအချိန်ထိ ထီးတော်နှင့် စိန်ဖူးတော်တို့ မြေခခြင်းမရှိခဲ့ဘဲ ၂၀၁၇ အောက်တိုဘာ ၁၀ ရက် နံနက် ၃ နာရီတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စေတီတော်ထပ်မံပြိုကျခဲ့ကာ စိန်ဖူးတော်နှင့် ထီးတော်တို့မြေခခဲ့ရသည်။
အများကောင်းမှု
အသစ်တည်ထားရာတွင် ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ မဟာနာယကဆရာတော် အဘိဓဇမဟာရဋ္ဌ ဂုရုဘဒ္ဒန္တသောဘန၏ သြဝါဒအရ ခုနစ်ရက် သားသမီးများ ကောင်းမှုဖြင့် တည်ထားမည်ဖြစ် သည်။
လှူဒါန်းနိုင်
ရပ်နီးရပ်ဝေးမှ အလှူရှင်များပါဝင်လှူဒါန်း ပူဇော်လိုပါက မိုးကောင်းကျောင်းဆရာတော် ဦးသာသန ဖုန်း ဝ၉–၄၀၁၅၇၀၅၀၃၊ ဒေါက်တာ ခင်မောင်ဇော် ဖုန်းဝ၉–ဝ၈၅၃၃၇၀၈၁၊ ဦးရှိူးတီ ဖုန်း ဝ၉–၄၃၀၄၂၃၄၁၊ ဦးမြင့်ဦး ဖုန်း ဝ၉–၂၅၆၀၈၅၉၆၄ နှင့် ဒေါ်ခင်မော်လှ (ဝယ်ခင်း သာ) ဖုန်း ဝ၉–၂၅၀ဝ၂၇၉၀ဝ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။















