ဗီယက်နမ်နိုင်ငံ၏ ၂၀၁၉ ခုနှစ်စီးပွားရေးတိုးတက်နှုန်းမှာ (၁၄) ကြိမ်မြောက်အမျိုးသား ညီလာခံက မူလသတ်မှတ်ထားသည်ထက် သုည ဒသမ ၁ ရာခိုင်နှုန်းတိုးကာ ၆ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဟု ဗီယက်နမ်နိုင်ငံစီးပွားရေးနှင့်မူဝါဒရေးရာ သုတေသနဌာနညွှန်ကြား ရေးမှူး ငုယင်ဒပ်သန်းက ဆိုသည်။
၂၀၁၈ ခုနှစ် နောက်ဆုံးသုံးလပတ် စီးပွားရေးတိုးတက် မှုများနှင့် တစ်နှစ်လုံးတိုးတက်မှုအပေါ်အခြေခံပြီး ဇန်နဝါရီ ၁၀ ရက်က ဟနွိုင်း၌ကျင်းပ သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံစီးပွား ရေးနှင့်မူဝါဒရေးရာ သုတေသနဌာနညွှန်ကြားရေးမှူး ငုယင်ဒပ်သန်းက ဆိုသည်။
အမေရိကန်--တရုတ်ကုန်သွယ်စစ်ကြောင့် တရုတ်မှထုတ်လုပ်ရေးလုပ်ငန်းများမှာ ဗီယက်နမ်သို့ စတင်ပြောင်းရွှေ့လာနေမှုများရှိနေကြောင်း၊ ယင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ ၂၀၁၉ ခုနှစ် စီးပွားရေးတိုးတက်နှုန်းမှာ (၁၄)ကြိမ်မြောက် အမျိုးသားညီလာခံက မူလသတ်မှတ်ထား သည်ထက် သုညဒသမ ၁ ရာခိုင်နှုန်းတိုးကာ ၆ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းရခြင်း ဖြစ်ပါကြောင်းဖြင့် ဗီယက်နမ်နိုင်ငံစီးပွားရေးနှင့်မူဝါဒရေးရာ သုတေသနဌာနညွှန်ကြား ရေးမှူး ငုယင်ဒပ်သန်းက ဆိုသည်။
















