စတိတ်စင်ပေါ်၌ ဓားဖြင့် ထိုးခံခဲ့ရသည့် ပိုလန်မြို့တော်ဝန်သေဆုံး
ပိုလန်နိုင်ငံ၌ ဇန်နဝါရီ ၁၃ ရက်ညက ပရဟိတရန်ပုံငွေဂီတပွဲကျင်းပရာ စတိတ်စင်ပေါ်၌ လူတစ်ဦး၏ဓားဖြင့်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ဂူဒန့်စ်မြို့တော်ဝန် ပါဝဲလ်အဒမ်မိုဝစ်ဇ်သည် ဇန်နဝါရီ ၁၄ ရက်တွင် သေဆုံးခဲ့ပြီဖြစ်သည်။
အသက် ၅၃ နှစ်အရွယ် အဒမ်မိုဝစ်ဇ်သည် နှလုံးနှင့်ဝမ်းဗိုက်တွင် ဓားဒဏ်ရာများရရှိခဲ့ပြီး ၄င်းကိုဆေးရုံသို့ ပို့ဆောင်၍ ငါးနာရီကြာ ခွဲစိတ်ကုသခဲ့ရကာ အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ၄င်းသည် ရရှိထားသော ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း ပိုလန်ကျန်းမာရေးဝန်ကြီး လူကက်ဇ်ဆဇူမောစကီး ဇန်နဝါရီ ၁၄ ရက်၌ ပြောဆိုခဲ့သည်။

















