လှိုင်သာယာတွင် စိတ်ကြွဆေး အပြားသုံးထောင်ကို လက်ဆွဲအိတ်ဖြင့် ထည့်သွင်းယူဆောင်သူနှစ်ဦး အဖမ်းခံရ

လှိုင်သာယာတွင် စိတ်ကြွဆေး အပြားသုံးထောင်ကို လက်ဆွဲအိတ်ဖြင့် ထည့်သွင်းယူဆောင်သူနှစ်ဦး အဖမ်းခံရ

လှိုင်သာယာမြို့နယ်တွင် လက်ဆွဲအိတ်အတွင်း စိတ်ကြွဆေး အပြားသုံးထောင်ထည့်သွင်း ယူဆောင်လာသူနှစ်ဦးကို သက်ဆိုင်ရာက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့သည်။ 

အဆိုပါနေ့ နံနက် ၉ နာရီ ၄၅မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး၊ Ocean စူပါမားကတ်ရှေ့သို့ ရောက်ရှိလာသူ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်နေ ချစ်ကိုကိုအောင် ၂၇ နှစ်နှင့် ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်နေ မျိုးကိုကို ၁၈ နှစ်တို့ကို မူးယစ်ရဲတပ်ဖွဲ့စု(၄၀) မှတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေစဉ် ချစ်ကိုကိုအောင် ဆွဲကိုင်လာသည့် လက်ဆွဲအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ၃၀ဝ၀ ပြား ကျပ်သိန်း ၉၀ ဖိုးခန့်နှင့် လက်ကိုင်ဖုန်းနှစ် လုံးတို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
မူးယစ်ဆေးဝါးသယ်ဆောင်သူနှစ်ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မဖြင့် လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။