ထိုင်းအသင်း အာရှဖလား ရှုံးထွက်အဆင့်တက်၊ အိန္ဒိယနည်းပြ ထွက်

ထိုင်းအသင်း အာရှဖလား ရှုံးထွက်အဆင့်တက်၊ အိန္ဒိယနည်းပြ ထွက်

၂၀၁၉အာရှဖလားပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်များယှဉ်ပြိုင်ပြီးစီးခဲ့ပြီဖြစ်ရာ အာဆီယံဒေသတွင်းမှာ ထိုင်းအသင်း ဘာရိန်းအသင်းနှင့် ရမှတ်လေးမှတ်စီ တူညီနေသော်လည်း ထိပ်တိုက်တွေ့ဆုံမှုအသာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

တူညီ

အုပ်စု(က)တွင် ကျရောက်ခဲ့သည့် ထိုင်းအသင်းသည် အဖွင့်ပွဲစဉ်တွင် အိန္ဒိယအသင်းကို လေးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဘာရိန်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး အိမ်ရှင်ယူအေအီးအသင်းကို တစ်ဂိုးစီသရေကစားနိုင်ခဲ့သည်။

ဘာရိန်းအသင်းမှာ ယူအေအီးအသင်းကို တစ်ဂိုးစီသရေ၊ ထိုင်းအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်ရှုံးခဲ့ပြီး အိန္ဒိယအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူခဲ့ကာ ထိုင်းအသင်းနှင့် ရမှတ်လေးမှတ်စီတူညီနေသော်လည်း ထိပ်တိုက်တွေ့ဆုံမှုတွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

နုတ်ထွက်

အဖွင့်ပွဲစဉ်တွင် ရလဒ်ကောင်းမွန်ခဲ့သည့် အိန္ဒိယအသင်းမှာ ယူအေအီးနှင့် ဘာရိန်းအသင်းတို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသဖြင့် အင်္ဂလန်လူမျိုး နည်းပြချုပ် စတီဖက်ကွန်စတန်မှာ ရာထူးမှနုတ်ထွက်စာတင်ခဲ့ပြီး အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကလည်း နုတ်ထွက်စာကို လက်ခံခဲ့သည်။

အခြားအာဆီယံအသင်းနှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့မှာ အုပ်စုနောက်ဆုံးပွဲစဉ်များကို ဇန်နဝါရီ ၁၆ရက်(ယနေ့)တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရခဲ့ပါက အကောင်းဆုံးအုပ်စု တတိယဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အလမ်းကောင်းမည်ဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး