ပြည်ယူနိုက်တက်ကို ဂိုးပြတ်သွင်းပြီး MIC ရာသီဝက်ချန်ပီယံဖြစ်

ပြည်ယူနိုက်တက်ကို ဂိုးပြတ်သွင်းပြီး MIC ရာသီဝက်ချန်ပီယံဖြစ်

၂၀၁၈မြန်မာဖူဆယ်လိဂ် ပထမအကျော့နောက်ဆုံးပွဲစဉ်ကို ဇန်နဝါရီ ၁၅ရက်တွင် ယှဉ်ပြိုင်ခဲ့ရာ ဇယားထိပ်ဆုံးမှ MIC အသင်းက ပြည်ယူနိုက်တက်ကို ၁၅ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ရာသီဝက်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရသည်။

ပထမအကျော့နောက်ဆုံးပွဲစဉ်တွင် MIC အသင်းသည် လက်ရှိချန်ပီယံ ပြည်ယူနိုက်တက်နှင့် ဆုံတွေ့ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။

ပြည်ယူနိုက်တက်အသင်းသည် ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေခဲ့ပြီး အမှားများခဲ့သဖြင့် ယခုကဲ့သို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အမှတ်ပေးဇယားဒုတိယနေရာမှ VUC အသင်းမှာ Comrade FC ကို ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ရာသီဝက်အမှတ်ပေးဇယား ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာဖူဆယ်လိဂ် ပွဲစဉ်(၁၁)ပွဲစဉ်များ ယှဉ်ပြိုင်အပြီးတွင် MIC အသင်းသည် ရမှတ် ၃၃မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး VUC အသင်းမှာ ရမှတ် ၃၀ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး