လောက်ကိုင် - ချင်းရွှေဟော်သွား ကားလမ်းပေါ်တွင် ကျပ် ၃၅၁ သိန်းဖိုးခန့် စိတ်ကြွဆေးပြားများကို သက်ဆိုင်ရာက ဇန်နဝါရီ ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ချင်းရွှေဟော်မြို့အဝင် လောက်ကိုင်-ချင်းရွှေဟော်သွားကားလမ်းမပေါ်တွင် ချင်းရွှေဟော်ဘက်သို့ လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက်နေ ဖန်းကိုင် ၂၃ နှစ်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို မူးယစ်ရဲတပ်ဖွဲ့စု(၂၁)နှင့် တပ်မတော် သားများပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးခဲ့သည်။ အဆိုပါဆိုင်ကယ်နောက်ဖင်ထိုင်ခုံပေါ်တွင် တင်ဆောင်ထားသည့် ဂျပ်ဖာအတွင်းမှပလတ်စတစ်ကပ် ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀ဝ ပြား ကျပ် ၃၅၁ သိန်းဖိုးခန့် ကို တွေ့ရှိဖမ်းဆီးခဲ့သည်။
ချင်းရွှေဟော် နယ်မြေရဲစခန်းက ဖန်းကိုင် ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားသည်။

















