ပိတ်ထားသည့် ရထားလမ်းဂိတ်တံခါးဘေးမှ ဖြတ်မောင်းသည့် ဆိုင်ကယ်စီးနင်းသူနှစ်ဦး ရထားတိုက်သေဆုံး

ပိတ်ထားသည့် ရထားလမ်းဂိတ်တံခါးဘေးမှ ဖြတ်မောင်းသည့် ဆိုင်ကယ်စီးနင်းသူနှစ်ဦး ရထားတိုက်သေဆုံး

ရမည်းသင်းမြို့နယ်တွင် ပိတ်ထားသည့် ရထားလမ်းဂိတ်တံခါးဘေးမှ ဖြတ်မောင်းသည့် ဆိုင်ကယ်စီးနင်းသူနှစ်ဦး ရထားတိုက်ခံရ၍သေဆုံးမှု ဇန်နဝါရီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်မှာ အဆိုပါနေ့ ည ၁၀ နာရီ ၅ မိနစ်ခန့်တွင် ရန်ကုန်- မန္တလေး ပုံမှန် ကားလမ်း မိုင်တိုင်(၂၇၆/၂၀-၂၁) ကြားရှိ အင်ကြင်းကန်နှင့် ရမည်းသင်းဘူတာကြား တရားဝင် ရထားသံလမ်းကူးဂိတ်၌ အမှတ်(၄) အစုန် မန္တလေး-ရန်ကုန် ရထားဖြတ်သန်းနိုင်ရန် ရထားသံလမ်းကူးဂိတ်စောင့်တာဝန်ကျသူက ဂိတ်တံခါးကို ပိတ်ခဲ့သည်။ 
ထိုသို့ ပိတ်ထားစဉ် ရမည်းသင်းမြို့နေ နိုင်ဝင်း(၄၅)နှစ်မောင်းနှင်ပြီး ရဲဆွေ (၂၄)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်က ဂိတ်တံခါးဘေးမှ ရထားသံလမ်းကို ဖြတ်ကူးမောင်းနှင်စဉ် ရထားစက်ခေါင်း ဖြင့် တိုက်မိခဲ့သည်။ 
ရထားတိုက်မိမှုကြောင့် ၄င်းတို့နှစ်ဦးတွင် ဦးခေါင်းပေါက်ပြဲ/မျက်လုံးကျွတ်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့သည်။
 ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရမည်းသင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရမည်းသင်းမြို့မရဲစခန်း ကသေမှုသေခင်းအမှတ်စဉ် (၁/၁၉)ဖြင့် အမှုဖွင့့် စစ်ဆေးလျက်ရှိသည်။