မြန်မာနှင့်ကမ္ဘောဒီးယား နိုင်ငံတို့မှ ဥရောပနိုင်ငံများသို့ ဆန်တင်ပို့မှုအား အီးယူက စတင် အခွန်ကောက်ရန်ပြင်ဆင်နေကြောင်း၊ ဥရောပသမဂ္ဂကုန်သွယ်ရေးကော်မရှင်က လတ်တလော အပြီးသတ်ဆုံးဖြတ်ချက်ချမည့် အလားအလာရှိနေကြောင်း သိရသည်။
ဥရောပသမဂ္ဂကုန်သွယ်ရေးကော်မရှင်အနေဖြင့် ယခုကိစ္စအား ယမန်နှစ်ကတည်းက အဖွဲ့ဝင်၂၈နိုင်ငံသို့ တင်ပြခဲ့သော်လည်း နိုင်ငံအများစုသဘောထား မရရှိခဲ့ပေ။
ယခုထပ်မံတင်ပြမည့် ကော်မရှင်တင်ပြချက်၌ မြန်မာနှင့်ကမ္ဘောဒီးယား နိုင်ငံတို့မှ ဥရောပနိုင်ငံများသို့ ဆန်တင်ပို့မှုကို အီးယူက အခွန်ကောက်ရန်စတင်ပြီဆိုပါက ပထမနှစ်တွင် ဆန်တစ်တန်လျှင် ၁၇၅ယူရို( ၂၀ဝဒသမ၇၃ဒေါ်လာ) ကောက်မည်ဖြစ်သည်။
ဒုတိယနှစ်၌ ယူရို ၁၅၀၊ တတိယနှစ်တွင်၁၂၅ ယူရို အကောက်ခွန် ကောက်ခံမည်ဖြစ်သည်။
အီးယူအုပ်စု Copa-Cogeca အဆိုအရ မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံများမှ ဥရောပသို့ ၂၀၁၂ခုနှစ်၌ ဆန်တန် ၉၀ဝ၀တင်ပို့ရာမှ ၂၀၁၇တွင် ဆန်တန် ၃၆၀ဝ၀ဝတန်အထိ တိုးတက်တင်ပို့လာသောကြောင့် ဆန်ဈေးကွက်ပျက်ရကြောင်း ဆိုသည်။
















