မြန်မာအမျိုးသမီးအသင်း သြစတြေးလျ၌ ၁၀ ရက်ကြာ လေ့ကျင့်မည် သြစတြေးလျယူ-၁၆ လက်ရွေးစင်အသင်းနှင့် ခြေစမ်းရန်စီစဉ်ထား

မြန်မာအမျိုးသမီးအသင်း သြစတြေးလျ၌ ၁၀ ရက်ကြာ လေ့ကျင့်မည် သြစတြေးလျယူ-၁၆ လက်ရွေးစင်အသင်းနှင့် ခြေစမ်းရန်စီစဉ်ထား

အာရှယူ-–၁၆ ဒုတိယအဆင့် ခြေစစ်ပွဲ အတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာအမျိုး သမီးအသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ ရက်အထိ သြစတြေးလျနိုင်ငံ၌ နေထိုင်လေ့ကျင့် မည်ဖြစ်ပြီး ခြေစမ်းပွဲနှစ်ပွဲကစားရန် စီစဉ်ထား ကြောင်း သိရသည်။

စီစဉ်ထား

သြစတြေးလျနိုင်ငံတွင် ဆယ်ရက်ကြာ လေ့ကျင့်ခြေစမ်းမည့် မြန်မာယူ–၁၆ အမျိုးသမီး အသင်းကို သြစတြေးလျ ယူ-–၁၆ လက်ရွေးစင် အမျိုးသမီးအသင်းအပါအဝင် ကလပ်အသင်း တစ်သင်းမှ လူငယ်အမျိုးသမီးအသင်းနှင့် ခြေစမ်းရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ထားသည်။

လက်ရှိအချိန်တွင် မြန်မာယူ– ၁၆ အမျိုးသမီးအသင်းမှာ ကစားသမား ၃၀ ဦးဖြင့် လေ့ကျင့်လျက်ရှိနေပြီး သြစတြေးလျ ခြေစမ်းခရီးသို့ ကစားသမားမည်မျှခေါ်ဆောင် မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိသေးပေ။

"သြစတြေးလျ ခြေစမ်းခရီးသွားဖို့က ကျိန်းသေပါတယ်။ (၁၀)ရက်ကြာ နေထိုင် လေ့ကျင့်မှာပါ။ သြစတြးလျ ယူ-–၁၆ အမျိုး သမီးအသင်းအပါအဝင် ကလပ်လူငယ်အသင်း တစ်သင်းနဲ့လည်း ခြေစမ်းဖို့ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားတယ်လို့ သိရပါတယ်။ သြစတြေးလျ ခရီးစဉ်ကို ကစားသမား ဘယ်နှယောက်ခေါ်သွား မယ်ဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒုတိယအဆင့်မှာ ယှဉ်ပြိုင်ရမယ့်အသင်းတွေက အသင်းကောင်းတွေချည်းပါပဲ။ ခြေစစ်ပွဲ အောင်မယ်လို့လည်း ယုံကြည်ထားပါတယ်" ဟု မြန်မာယူ–-၁၆ အမျိုးသမီးအသင်းနည်းပြ ဒေါ်စန်းစန်းသိန်းက ပြောဆိုခဲ့သည်။

လက်ခံကျင်းပ

အာရှ ယူ–၁၆ အမျိုးသမီး ဒုတိယအဆင့် ခြေစစ်ပွဲသို့ မြန်မာအသင်းအပါအဝင် သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်အသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး လေးသင်းနှစ်အုပ်စုခွဲကာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မြန်မာအသင်းမှာ အုပ်စု(ခ) တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလား ဒေ့ရှ်အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိပြီး အုပ်စုတွင်းပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက် အထိ မန္တလာသီရိကွင်း၌ လက်ခံကျင်းပမည် ဖြစ်သည်။

မြန်မာယူ-–၁၆ အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၇ ရက် တွင် တရုတ်အသင်းနှင့် လည်းကောင်း၊ မတ် ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် လည်း ကောင်း၊ မတ် ၃ ရက်တွင် ဖိလစ်ပိုင်းအသင်း နှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ အသင်းပွဲစဉ်များကို ညနေ ၆ နာရီတွင် ကျင်းပ မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး