အင်းစိန်တွင် သတင်းအရ အငှားယာဉ်ကို စစ်ဆေးရာက စိတ်​ကြွ​ဆေးပြားများ သိမ်းဆည်းရမိ

အင်းစိန်တွင် သတင်းအရ အငှားယာဉ်ကို စစ်ဆေးရာက စိတ်​ကြွ​ဆေးပြားများ သိမ်းဆည်းရမိ

အင်းစိန်​မြို့နယ်​တွင်​ သတင်းအရ ပရိုဘောက် အဖြူရောင်အငှားယာဉ်ကို စစ်ဆေးရာက စိတ်​ကြွ​ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်က သိရသည်။

ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ် မြို့သစ်(က+ခ)ရပ်ကွက်(ခ/၄)လမ်းထိပ်၌ မူးယစ်သတင်းကြိုတင်ရရှိထားချက်အရ ဦးဌေးဝင်း မောင်းနှင်ပြီး ပြည့်ဖြိုးအောင် ၂၃ နှစ်​ နှင့် ဒေါ်ဝင်းကြည်တို့လိုက်ပါလာသည့်  ပရိုဘောက်အဖြူ ရောင် အငှားယာဉ်ကို မူးယစ်ရဲတပ်ဖွဲ့စု (၄၀) နှင့် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ထိန်းသိမ်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးစဉ်  ယာဉ်ပေါ်ပါဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်နေသူ ဒေါ်ဝင်းကြည် ၏ ယာဘက်လက်အတွင်း ကိုင်ဆောင်ထားသည့်  အနက်ရောင် သာရေအိတ်အတွင်းမှ အဝါရောင်တိတ်ပက်ကာ မှိုင်းစက္ကူ ဖြင့်ပတ်ထုတ်ထားသည့် စိတ်ကြွဆေး ၆၀ဝ၀ ပြား (ကျပ်သိန်း ၁၅၀ ဖိုး) နှင့်အတူ  မြန်မာငွေစက္ကူရောရာ ၁ သိန်းကျပ်၊ မှတ်ပုံတင်(၁)ခုအိမ်ထောင်စု စာရွက်စာတန်းများနှင့် လက်ကိုင်ဖုန်း(၁)လုံး ဦးဌေးဝင်းထံမှငွေရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ပြည့်ဖြိုးအောင်ထံမှ အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ကားနှင့်သက်ဆိုင်သောစာရွက်စာတန်းများအား ကားဒတ်ရှ်ဘုတ်အတွင်းမှသိမ်းဆည်းရမိခဲ့သည်​။

ဒေါ်ဝင်းကြည်ကို စစ်​​ဆေးချက်အရ သိမ်းဆည်းရမိသည့် စိတ်​ကြွဆေးပြားများကို နံနက်​ ၁၀ နာရီအချိန်ခန့်က အင်းစိန်မြို့နယ်ပေါက်တောမီးပွိုင့်အနီးတွင်မောင်လှ ဆိုသူထံမှ အကြွေးဖြင့် ယူဆောင်လာသည့် ဆေးပြားများဖြစ်ကြောင်းသိရသည်​။

အင်းစိန်မြို့မရဲစခန်းက အင်းစိန်မြို့နယ်နေ မောင်လှ (၂၅ နှစ်)၊ ဒေါ်ဝင်းကြည်၊ ပြည့်ဖြိုးအောင်၊ ဦးဌေးဝင်းတို့ကို (ပ)၁၀/၁၉၊ မူးယစ်​​ဆေးဝားဥပ​ဒေပုဒ်မ ၁၉(က)၂၀(က)၂၁ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်​။