ဒေါပုံမြို့နယ်ရှိ နေအိမ် တိုက်ခန်းအား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ကျပ် သိန်း ၃၀ဝ ​ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဒေါပုံမြို့နယ်ရှိ နေအိမ် တိုက်ခန်းအား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ကျပ် သိန်း ၃၀ဝ ​ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဒေါပုံမြို့နယ်ရှိ နေအိမ်တိုက်ခန်းတစ်ခုအား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာက မူးယစ်ဆေဝါး ကျပ်သိန်း ၃၀ဝ ​ကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ ဇန်နဝါရီ ၁၇ ရက်က သိရသည်​။

ဇန်နဝါရီ ၁၅ ရက် ည ၁၀နာရီခွဲအချိန်ခန့်တွင် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ တိုက်တစ်လုံး၏ မြေညီထပ်အခန်းကို မူးယစ်​သတင်းအရ  ဒေါပုံမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်း နှင့်အဖွဲ့က ဝင်​​ရောက်​ရှာ​ဖွေခဲ့သည်​။

အဆိုပါ​နေအိမ်​ တိုက်ခန်းအပေါ်ထပ် ထပ်ခိုးရှိ အိပ်ခန်း၌  ​မှော်​ဘီမြို့နယ်​​နေ အာမီရ်ဖါဆောလ် (ခ) စောနိုင်နှင့် မနွယ်တို့ကို ​တွေ့ရှိရပြီး အိမ်ခန်းကျွန်းထိုင်ခုံအောက်မှ အဖြူရောင်ထမင်းပေါင်းအိုးအတွင်း ပလတ်စတစ်အပြာရောင်ကပ်ခွါအိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၁၉၈ပြား အစိမ်းရောင်၂ပြား (စုစုပေါင်း၂၀ဝပြားပါ) အထုပ်၅၅ထုပ်l နေအိမ်အိပ်ခန်းစားပွဲပေါ်၌ ပလတ်စတစ်အပြာရောင်ကပ်ခွါအိတ်ဖြင့် ထည့်ထားသည့် ဆေးပြား ၂၀ဝပြားပါ၂ထုပ်l အိပ်ခန်းကုတင်အောက်မှ ပလတ်စတစ်အကြည်ရောင် အိတ်ဖြင့် ထည့်ထားသည့် ICE ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၆၅ဂရမ်ပါအထုပ်တစ်ထုပ်lနေအိမ်အိမ်သာခန်းအတွင်း ကော်ဗူးဖြင့် ထည့်ထားသည့် WYစာတန်းပါ ဆေးပြား ၁၄၅ပြား တို့ကို ​တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်​။

ထို့အပြင် ပူးပေါင်းအဖွဲ့က ဆက်လက် စစ်ဆေးခဲ့ရာ အိပ်ခန်းနံရံ၌ ချိတ်ဆွဲထားသည့်အဖြူရောင်ပလတ်စတစ်အိတ်အတွင်းမှ ဆေးခြောက်ဟုယူဆရသောအညိုရောင် အရွက်ခြောက် အလေးချိန် ၄ဒသမ ၅ဂရမ်ခန့်စီပါ အထုပ်၂ထုပ်စုစုပေါင်းကျပ်သိန်း၃၀ဝကျော်ဖိုးခန့်ကို သိမ်းဆည်းရမိခဲ့သည်​။

အဆိုပါပစ္စည်းများနှင့်ပတ်​သက်​၍ အာမီရ်ဖါဆောလ် (ခ) စောနိုင် ကို စစ်ဆေးရာ ယင်းမူးယစ်ဆေးဝါးများကို ၎င်းနေအိမ်ရှေ့လမ်းမပေါ်တွင်ရပ်ထားသည့်  ကိုယ်ပိုင်ယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှ သယ်​ယူခဲ့​ကြောင့် သိရသဖြင့် အဆိုပါ ယာဉ်​ကို အမှုဖြင့် ဆက်​လက်​သိမ်းဆည်းခဲ့သည်​။

 ဒေါပုံမြို့မရဲစခန်းက မူးယစ် (ပ) ၁/၁၉ l မူးဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ တို့ အရ အမှုဖွင့်အ​ရေးယူထားသည်​။