လန်ဒန် ” ဝန်ကြီးချုပ် ထရီဇာမေ၏ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး အစီအစဉ်(Brexit) ကို ဇန်နဝါရီ ၁၅ ရက် တွင် ဗြိတိသျှပါလီမန် အမတ်များက ပယ်ချလိုက်ကြသဖြင့် မြနထငအ လုပ်ငန်းစဉ် မှာ ပျက်ပြားမည့် အခြေအနေဖြင့် ရင်ဆိုင် ရပြီး ထရီဇာမေ၏ အစိုးရအဖွဲ့ပင် ပြုတ်ကျနိုင်သည့် အယုံအကြည်မရှိအဆို တင်သွင်းခံရသည်။
ယခု ရှုံးနိမ့်မှုကို အတော်များများက မျှော်လင့်ထားသော်လည်း အစိုးရ၏ အစီအစဉ်ကို ကန့်ကွက်မဲ ၄၃၂ မဲနှင့် ထောက်ခံမဲ ၂၀၂ မဲသာ အောက်လွှတ်တော် တွင် ရရှိခဲ့သည့် အတိုင်းအတာမှာ ထရီဇာ မေ၏ ယိုယွင်းနိုင်ခြေရှိသော ခေါင်းဆောင်မှုအတွက် စိတ်ပျက်စရာ အခြေအနေ ဖြစ်ခဲ့ရသည်။ မြနထငအ သဘောတူညီချက် ဖြင့် သူ၏ နိုင်ငံရေးအရ ထင်ပေါ် ကျော်ကြားမှုရရှိခဲ့သော မေသည် လွန်ခဲ့ သည့် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံ ရေးအရ မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။ ခေတ်သစ်သမိုင်းတွင် အောက်လွှတ်တော်၌ အစိုးရအဖွဲ့၏ အကြီးမားဆုံး ရှုံးနိမ့်မှုတစ်ခု ဖြစ်ခဲ့ရသည်။
ခေတ်သစ်သမိုင်းတွင် အောက်လွှတ်တော်၌ အစိုးရအဖွဲ့၏ အကြီးဆုံး ရှုံးနိမ့်မှုတစ်ခု ဖြစ်ခဲ့ရ ....
လွှတ်တော် သဘာပတိ ဂျွန်ဘာ ကောင်းက မဲစာရင်းကို ကြေညာပြီးသည် နှင့် ထရီဇာမေက အစိုးရအဖွဲ့တွင် ဥပဒေပြုအမတ်များ၏ ထောက်ခံမှုကို ဆက်လက် ဆောင်ရွက်နိုင်သလားဆိုသည့် အခွင့်အလမ်းတစ်ခုကို စမ်းသပ်မှုပင်ဖြစ်သည် ဟုပြောကြားခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် ဂျရယ်မီ ကော်ဘန်က ထရီဇာမေ၏ အစိုးရအဖွဲ့သည် ပါလီမန်တွင် ယုံကြည်မှုဆုံးရှုံးသွားပြီဟု ပြောခဲ့သည်။ ဥပဒေပြု အမတ်များသည် ဇန်နဝါရီ ၁၆ ရက်တွင် ကော်ဘန်၏ အယုံအကြည်မရှိ အဆိုကို မဲဆန္ဒပေးကြမည် ဖြစ်သည်။ အစိုးရအဖွဲ့ဘက်က ရှုံးနိမ့်သွားပါက ၁၄ ရက်အတွင်း ရလဒ်ကို မပြောင်းလဲနိုင်ဘဲ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲသစ်တစ်ရပ်ဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထရီဇာမေသည် ပါလီမန်တွင် မဲ အများစုမရခဲ့သော်လည်း သူ၏ ကွန်ဆာဗေးတစ် ပါတီက ပုန်ကန်သူ လွှတ်တော်အမတ် များက အစိုးရရပ်တည်ရေး မဲဆန္ဒပေးမည့် ပုံပေါ်သည်။ မြောက်အိုင်ယာလန် ဒီမို ကရက်တစ် ယူနီယံနစ်ပါတီက ထရီဇာမေ ကို ထောက်ခံမည်ဟု သိရသည်။ ထရီဇာမေကမူ အနာဂတ်လှုပ်ရှားမှုများ အတွက် ဥပဒေပြုအမတ်များနှင့် တိုင်ပင် ညှိနှိုင်းရန် ကတိပြုထားခဲ့ပြီး နောက်ထပ် သူ၏ အစီအစဉ်များနှင့် ပတ်သက်၍ အနည်းငယ်သာ ဖော်ပြခဲ့သည်။ ဗြိတိသျှ ပါလီမန်ကမူ အစိုးရအဖွဲ့ကို အဆိုသစ် တစ်ရပ် တင်သွင်းရန်အတွက် ဇန်နဝါရီ ၂၁ ရက်အထိ အချိန်ပေးထားသည်။
ထိုကဲ့သို့ အဆိုရှုံးနိမ့်မှုမျိုးကို ရှောင်ရှားနိုင်ရန် ထရီဇာမေသည် ဒီဇင်ဘာလအတွင်းက သဘောတူညီချက်ကို မဲဆန္ဒပေးရေးကို ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
မေက ဥရေပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရန် ၂၀၁၆ ခုနှစ်တွင် မဲဆန္ဒရှင် အားလုံးက ဆုံးဖြတ်ချက်ချခဲ့မှုအတွက် သူ၏ သဘောတူညီချက်ကို ထောက်ခံရန် လွှတ်တော်အမတ်များကို ခယတောင်းပန်ခဲ့သည်။ သို့ရာတွင် အဆိုပါ မြနထငအ သဘောတူညီချက်ကို ပါတီနှစ်ရပ်လုံးရှိ အတိုက်အခံများက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။
Brexit လိုလားသော ဥပဒေပြုအမတ် များက ပြောကြားရာ၌ အဆိုပါ နုတ်ထွက်ရေး သဘောတူညီချက်သည် ဗြိတိန်နိုင်ငံကို အတိအကျသတ်မှတ်ထားခြင်း မရှိသော ဥရောပစည်းမျဉ်းများ အနှောင်အဖွဲ့က ကင်းလွတ်စေမည်ဟု ဆိုသော်လည်း ဥရောပသမဂ္ဂကို လိုလားသော အမတ် များကမူ ဥရောပနှင့် စီးပွားရေးဆက်ဆံမှု ပိုမို၍ နီးကပ်စွာရှိရေးကိုသာ လိုလားကြ သည်။

















