ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့သို့ ငွေကြေး အပြည့်အဝထည့်ဝင်ရန် လိုအပ်

ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့သို့ ငွေကြေး အပြည့်အဝထည့်ဝင်ရန် လိုအပ်

နယူးယော့ခ် ” ၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ကျန်းမာရေးဆောင်ရွက်ချက်၏ တစ်ခုတည်းသော အရေးကြီးဆုံးအချက်မှာ အေ့ဒ်စ်ခေါ် ခုခံစွမ်းအားကျ ရောဂါ၊ တီဘီခေါ်အဆုတ်နာရောဂါနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေကို ဖြည့်တင်းပေးရန်ဖြစ် သည်။ နှစ်စဉ် လူ ၂ ဒသမ ၅ သန်းဝန်းကျင်ကိုသေဆုံးစေသည့် အဆိုပါ ရောဂါ သုံးမျိုးကို ခရစ်နှစ် ၂၀၃၀ တွင် အပြည့်အဝ ထိန်းချုပ်ဟန့်တား နိုင်ကာ ရောဂါကြောင့်သေဆုံးမှုကို သုညနီးပါး လျှော့ချနိုင်မည်ဖြစ်သည်။ 

ထိုသို့အောင်မြင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့သည် ပဓာနကျသည့် အဖွဲ့ဖြစ်ကာ အဖွဲ့၏လုပ်ငန်းတာဝန်များ ပြီးမြောက်စေရန် တစ်နှစ်လျှင် ဒေါ်လာ ၁၀ ဘီလျံ ငွေစိုက်ထူရန် လိုအပ်သည်။

၂၀ဝ၁ ခုနှစ်တွင် ကိုဖီအန်နန် ထူထောင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ကြီးသည် လူ့အသက်ပေါင်း ၂၇ သန်းကို ကယ်တင်နိုင်သည်ဟု ချီးကျူးခံရကာ အဆိုပါ ရောဂါသုံးမျိုးကို ၂၀၃၀ ပြည့်နှစ်တွင် လက်တွေ့ကျကျ အဆုံးသတ်နိုင်မည်ဆိုသည့် အချက်ဖြင့် ထိန်းချုပ်ဟန့်တားပေးနေသည်။ အဖွဲ့ထူထောင်စဉ်အချိန်မှစ၍အဆိုပါ ရောဂါသုံးမျိုးကို လုံးဝပြီးပြတ်အောင် မတိုက်ဖျက်နိုင်သေးသော်လည်း သေဆုံးမှုနှင့် ရောဂါကူးစက်မှုများကိုမူ ဟန့်တားပေးနိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများ၏ထောက်ပံ့မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့သည် ၂၀ဝ၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များအနက် အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူဘွတ်ရှ်သည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ ခိုင်မာသော ပံ့ပိုးပေးသူဖြစ်ကာ ဘီလ်ဂိတ်သည် ထိပ်ဆုံးက ဦးဆောင်နေသည့် ပရဟိတအလ·ရှင်ဖြစ်သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ ငွေစာရင်းမှာ ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ငွေကြေးအကျပ်အတည်းဖြစ်ပွားပြီးနောက် တန့်သွားခဲ့ကာ ရန်ပုံငွေရရှိမှုနှင့် လိုအပ်မှုကြား ကွာဟချက်ဖြစ် ပေါ်ခဲ့သည်။ လီယွန်မြို့တွင် ပြင်သစ်အစိုးရက ကြီးမ·းကျင်းပမည့် ၂၀၂၀-”-၂၂ ခုနှစ်အတွက် ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေများကို ဖြည့်တင်းပြီးသည့် အောက်တိုဘာလ၊ ၂၀၁၉ ခုနှစ်တွင် ထိုကွာဟချက်ကို အပြီးသတ်ရန် လိုအပ်သည်။

ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ကြီးသည် လူ့အသက်ပေါင်း ၂၇ သန်းကို ကယ်တင်နိုင်သည်ဟု ချီးကျူးခံရကာ....

ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့သည် လာမည့် သုံးနှစ်တာအတွက် ဒေါ်လာ ဘီလျံ ၃၀ ထူထောင်ရန် ၎င်းကြိုးပမ်းဆောင်ရွက်မှုကို ကတိပြုသင့်သည်။ ဒေါ်လာ ဘီလျံ ၃၀ ၏ ထက်ဝက်သည် အလ·ရှင်နိုင်ငံများထံမှ ဝင်လာနိုင်သည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏နှစ်ပါတီကို ထောက်ခံသည့် အစဉ်အလာကို ဆက်လက်ကျင့်သုံးသင့်သည်။ ယခင်က ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ အကျိုးကျေးဇူးကို ခံစားသည့် တရုတ်နိုင်ငံသည်  ယခုအခါ အလ·ရှင်နိုင်ငံ ဖြစ်လာသင့်သည်။ 

ရန်ပုံငွေ၏ အခြားထက်ဝက်မှာ ကမ္ဘာ့အချမ်းသာဆုံးလူများထံမှ ရရှိသင့်သည်။ ဂိတ်စ်သည် စံချိန်တစ်ခုချမှတ်ကာ ၎င်းနှင့်ဝါရင်းဘတ်ဖက်တ်တို့ စတင်ခဲ့သည့် အလ·ငွေ ထည့်ဝင်သည့် ကတိကဝတ်အရ ၂၀၂၀”-၂၀၂၂ အချိန်ကာလအတွက် အလွန်ချမ်းသာသည့် လူရာပေါင်းများစွာက တစ်နှစ်လျှင် ဒေါ်လာ ၅ ဘီလျံ အလွယ်တကူ ထည့်ဝင်နိုင်ကြမည်ဖြစ်သည်။