ဘာလင်တံတိုင်းကြီး ဖြိုချလိုက်ပြီး နှစ်ပေါင်း ၃၀ မျှကြာတဲ့ နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်း သက်တမ်းရှည်ခြင်း ကောင်းမွန်လာတာရယ်၊ ဝင်ငွေတွေတိုးလာတာရယ် စတဲ့ တိုးတက်မှုတွေရှိတဲ့ကြားက လူမှုအဖွဲ့အစည်းတွေကြား ကွဲပြားခြားနားမှုတွေဟာ နက်ရှိုင်းလာတယ်။ ဂလိုဘယ် လိုက်ဇေးရှင်းကို ကွပ်ကဲဖို့ နမူနာအသစ်မရှိရင် တစ်စစီ ကွဲထွက်မှုနဲ့ နိုင်ငံရေးမျှော်လင့်ချက် ပျက်သုဉ်းတာတွေဟာ ပုံမှန်အနေအထားသစ် ဖြစ်လာနိုင်တယ်။
၂၀၁၉ ခုနှစ်ဟာ သမိုင်းဒီရေ ပြောင်းလဲလာလိမ့်မယ် လို့ ကျွန်တော်တို့ မျှော်လင့်ကြပါစို့။ နိုင်ငံတကာဆက်ဆံ ရေးတွေနဲ့ အမျိုးသားနိုင်ငံရေးတွေကို ပထဝီဝင်အနေ အထားတင်းမာမှုတွေနဲ့ နိုင်ငံရေးလူမျိုးစု အနွယ်အလိုက် စရိုက်တွေက ပြောင်းလဲလာစေတဲ့အချိန်မှာ နည်းပညာသစ် တွေဟာ လုံခြုံရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးတို့အပေါ် တာရှည်လက်ခံလာမှုတွေကို ပြောင်းပြန်လှန်ပစ်လိုက်ကြတယ်။
ဒီကိစ္စတွေကို ပိုပြီးရှုပ်ထွေးစေတာကတော့ ကျွန်တော် တို့ရဲ့ လူ့အဖွဲ့အစည်းတွေမှာ တစ်ခုနဲ့တစ်ခု အားထား လာမှုတိုးလာတာပဲ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်နိုင်ငံ၊ တစ်မြို့၊ လူတစ်ဦးချင်းအပေါ် ထိန်းချုပ်မှုမရှိတာတွေ တိုးလာတာကိုလည်း ရာသီဥတုပြောင်းလဲမှုအပါအဝင် ခံစားနေကြရတယ်။
နှစ်ပေါင်း ၃၀ အချိန်အတွင်း ပြောင်းလဲမှုတွေဟာ အတော်ပဲ ထူးခြားတယ်လို့ဆိုရမလောက်အောင်ပဲ။ ၁၉၈၉ ခုနှစ်က ဆိုဗီယက်အုပ်စု ပြိုကွဲသွားတာဟာ လွတ်လပ်တဲ့ ဒီမိုကရက်တစ်မူတွေနဲ့ တန်ဖိုးထားရှိမှုတွေအတွက် အောင်မြင်တဲ့ နိမိတ်တွေလို့ ထင်ခဲ့ရတယ်။ အဲဒီနှစ်မှာWorld Wide Webဖွံ့ဖြိုးမှုဟာ လူတွေ ကြီးပွားတိုးတက် မှုနဲ့ ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်တဲ့ ခေတ်သစ် အတွက် အလားအလာရှိခဲ့တယ်။
နိုင်ငံတွေရဲ့ တန်ဖိုးထားမှုတွေကို ဝေမျှကာ စံစားတဲ့ နိုင်ငံတွေကို အစားထိုးရမယ့်အစား ဂလိုဘယ်လိုက်ဇေးရှင်း က လောဘဇောတက်တဲ့ ပြိုင်ဆိုင်မှု၊ လူ့ဘဝဖူလုံရေးကို နိုင်ငံတော်က တာဝန်ယူဆောင်ရွက်ပေးတဲ့စနစ် ယုတ် လျော့လာတာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပျက်စီး ယိုယွင်းလာစေတယ်။ ၁၉၈၉ ခုနှစ်ကထက်စာရင် စာအုပ် ကြီးအဆိုအရ ဒီမိုကရေစီနိုင်ငံတွေ ပိုများလာပေမဲ့ အတော်များများဟာ သဘောထားမကြီးကြဘူး။
ဒါကြောင့်လည်း ဂလိုဘယ်လိုက်ဇေးရှင်းအပေါ် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု လျော့နည်းသွားတာ ဟာ အံ့သြစရာမရှိပါဘူး။ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက် မှုတွေနဲ့ ]အကြမ်းဖက်မှုအပေါ် စစ်ပွဲ}အတွက် ဒေါ်လာ ၅ ဒသမ ၆ ထရီလျံ ကုန်ကျခဲ့တာလည်း အထောက်အကူမဖြစ်ပါဘူး။ ဒါတင်မကဘူး ၂၀ဝ၈ ခုနှစ်က ငွေကြေး ပြဿနာကကျွမ်းကျင်သူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီတာ နည်းပညာပြောင်းလဲစေမှုကို အောင်မြင်အောင် မကွပ်ကဲနိုင်ခဲ့တာကို ပေါ်လွင်စေခဲ့တယ်။
အထက်လွှာတွေနဲ့ ]နောက်မှာကျန်ခဲ့တဲ့လူ}တွေအကြား ကွာခြားမှုက များပြားတိုးလာတာကြောင့် မျိုးဆက် တစ်ဆက်လောက် နိုင်ငံရေးဟာ မှိုင်းတိုက်ခံခဲ့ရတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းအပေါ် အမှန်အတိုင်း သိမြင် လာတာဟာ အများအားဖြင့် မြောက်အမေရိကနဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ဖြစ်ခဲ့တယ်။ တကယ်တော့ အရှေ့နဲ့ အရှေ့တောင်အာရှမှာ ပေါ်လာတဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေဟာ တိုးတက်လာကာ ကမ္ဘာတစ်ဝန်းက လူအများစုတို့ဟာ ပျမ်းမျှခြင်းအားဖြင့် နှစ်ပေါင်း ၃၀ လောက်ကထက် ဓမ္မဓိဋ္ဌာန်ကျကျ ပိုကောင်းမွန်လာတယ်။ အနောက်အုပ်စု ပြင်ပမှာ ဘာလင်တံတိုင်း ပြိုကျပြီးနောက် ပျမ်းမျှဝင်ငွေတွေမှာ နှစ်ဆတိုးလာတယ်။ တရုတ်နိုင်ငံ ဆိုရင် သုံးဆတိုးလာတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပျမ်းမျှသက်တမ်းဟာလည်း အံ့မခန်းစွာ ၁၅ နှစ်တိုးလာကာ ကမ္ဘာတစ်ဝန်း လူဦးရေသုံးဘီလျံတို့ဟာ စာရေးတတ် ဖတ်တတ်လာကြတယ်။
၁၇ ရာစုနဲ့ ၁၈ ရာစုတွေတုန်းက အသိအမြငြွ်ကယ်ဝ မှုတွေဟာ ရိနေဆန်(Renaissance) လို့ခေါ်တဲ့ Óဏ်သစ်အရေးတော်ပုံနဲ့ တစ်ပါတည်းပေါ်လာကာ ဒီကာလအတွင်းမှာ သိပ္ပံနဲ့ အနုပညာတော်လှန်မှု ဖြစ်ပေါ်လာရုံတင်မကဘဲ ချုပ်ချယ်လိုမှု ဘာသာရေးစစ်တို့ မြင့်မားလာကာ သိပ္ပံပညာရှင်တွေနဲ့ ပညာတတ်တွေအပေါ် ဖိစီးနှိပ်စက်မှုတွေ ရှိခဲ့တယ်။
Óဏ်သစ်အရေးတော်ပုံ အချိန်ကာလအတွင်းနဲ့ နောက်ပိုင်း ဖောက်ပြန်ရေးအင်အားစုရဲ့ အကြမ်းဖက်မှု ဟာ အထက်လွှာတို့ရဲ့ အလျင်အမြန်ပြောင်းလဲမှုအပေါ် မနိုင်မနင်းဖြစ်တာရယ်၊ ပုံနှိပ်တော်လှန်ရေးကြောင့် တစ်ခါတစ်ရံ တိုးလာတဲ့ မညီမျှမှုတွေကြောင့်ဖြစ်တယ်။ ယနေ့ အထက်လွှာတွေက ဒါတွေကို မှတ်သားထားဖို့ လိုတယ်။ အမေရိကန်ဦးဆောင်တဲ့ အီရတ်နိုင်ငံကို ကျူးကျော်တာနဲ့ ၂၀ဝ၈ ခုနှစ်က ဖြစ်ခဲ့တဲ့ ငွေကြေးပြဿနာ တို့မှာ လက်ဖျားခါလောက်တဲ့ သဘောထားကွဲလွဲမှုတွေ ကြောင့် အာဏာပိုင်တွေ ကျွမ်းကျင်သူတွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်စိတ်ချမှုဟာ အကြီးအကျယ်ယိုယွင်းပျက်စီးသွားခဲ့တယ်။ ရှေးရိုးစွဲလူစုရဲ့ အခွင့်ထူးခံ အထိုင်ကျနေတဲ့အတွက် ပြည်သူတွေကို လှည့်မကြည့်တဲ့ အတွေးအဆကြောင့် လက်ယာနဲ့ လက်ဝဲတို့ရဲ့ သာမန် လူထုရဲ့အကျိုးကို ရည်မျှော်တဲ့ဝါဒဟာ စည်းလုံးလာခဲ့တယ်။
သူတို့ရဲ့ ထိမိတဲ့အချက်ကလေးတစ်ခုရှိတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို မြှင့်တင်ရာမှာ အားနည်းတဲ့ မူဝါဒတွေကြောင့် ကျွန်တော်တို့အတွက် အရေးမသာခဲ့ဘဲ မညီမျှခြင်းကို တိုးလာစေတယ်။ အခုအချိန်မှာလည်း လူသား တို့ပြုလုပ်ထားတဲ့ အသိÓဏ်အတု (A.I) နဲ့အလိုအလျောက် လုပ်တဲ့ စက်ကိရိယာတွေ (Automation) တို့ကို အသုံးပြုတာကြောင့် ပုံမှန်အလုပ်တွေထဲ သူတို့က အစားထိုးဝင်ရောက်လာတာကြောင့် လူမှုရေးကွဲလွဲမှု တွေကို ထင်ပေါ်လာစေတယ်။ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ ပြည်သူတွေ သာမန်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိသလား၊ သို့မဟုတ် ကျွန်တော်တို့တစ်တွေ ဟာ ပိုပြီး တစ်စစီကွဲလာမလား ၂၀၁၉ ခုနှစ်မှာပြုလုပ်မယ့် အချက်တွေအပေါ် များစွာမူတည်နေတယ်။ လျင်မြန်စွာ ဖြစ်ပေါ်လာတဲ့ တစ်ဦးနဲ့တစ်ဦး အားကိုးတဲ့ပြောင်းလဲမှု တွေနဲ့ ကျွန်တော်တို့ဟာ နပန်းလုံးရတော့မယ်။
ဒီလိုဆိုရင် မူဝါဒရေးဆွဲသူတွေဟာ အားနည်းချက် အများဆုံးရှိသူတွေကို ကာကွယ်ဖို့လုပ်ရလိမ့်မယ်။ လူမှုရေး ဘေးကင်းမှုကွန်ရက်တွေကို လူတွေအလိုရှိဆုံး အချိန်မှာ လျှော့ပစ်ခြင်းခံရတယ်။ ငွေကြေးပြဿနာ ကြောင့် အစိုးရ အရင်းအမြစ်တွေ ကုန်ခန်းသွားကာ ကြီးမားတြွေဲ့ကးမြီတွေ ဖြစ်ပေါ်လာခဲ့သလို အမေရိကန်အစိုးရက အခွန်ကို လျှော့ချခဲ့တာကြောင့်လည်း ဒီပြဿနာကို ပိုပြီး ဆိုးရွား စေခဲ့တယ်။
ဂလိုဘယ်လိုက်ဇေးရှင်းကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ဖို့ ကျွန်တော်တို့ အင်တိုက်အားတိုက် ဆောင်ရွက်ဖို့ လိုအပ်လာပြီဖြစ်တယ်။ နိုင်ငံရေးအားလုံးကို လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်လစ်စနစ်နဲ့ အရင်းရှင်စနစ် ခွဲခြားတဲ့ ခေတ်မမီတော့တဲ့စနစ်ကို စွန့်လွှတ်ရမယ့်သဘောဖြစ် တယ်။ ၂၀၁၉ ခုနှစ်ရဲ့ နိုင်ငံရေးဟာ တန်ဖိုးရှိမှုအခြေခံ တဲ့အတွက် ထုံးတမ်းစဉ်လာ နိုင်ငံရေးပါတီတွေဟာ အမျိုးသားရေး ခံယူချက်နဲ့ အတိတ်ကို တသသဖြစ်စေတဲ့ ပါတီတွေက အပိုင်အနိုင်ကိုင်လာတာကို တွေရတယ်။
ဒီခေတ်ရဲ့ နိုင်ငံရေးတော်လှန်မှုဟာ အခုအချိန်အထိ ဒေါသနဲ့ ခံပြင်းမှုတွေနဲ့ အဓိပ္ပာယ်ဖော်ဆောင်နေတယ်။ ဒါပေမဲ့ ဒီသဘောထားတွေကို အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု ရည်မှန်းချက်ရောက်အောင် ထိန်းချုပ် အသုံးချလို့ရတယ်။ ရသင့်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ပြီးမြောက်စေဖို့ဆိုရင် ကျွန်တော်တို့ဟာ မြင့်တက်လာတဲ့ မညီမျှမှုကို ကိုင်တွယ်ရမယ်။ ထွေပြားမှုကိုလက်ခံရမယ်။ နောက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဖက်သတ်လုပ်ရပ်ရဲ့ ခြောက်လှန့်မှုကင်းစေဖို့ ဆောင်ရွက်ရမယ်။
၂၀၁၉ ခုနှစ်လောက် ကြေးများတဲ့နှစ်တော့ ရှိမယ် မထင်ဘူး။ အစွန်းရောက်ဝါဒ၊ လုပ်နည်းစနစ်တွေ၊ မမှန် သတင်းတွေနဲ့ နိုင်ငံခြားကြိုးကိုင်ခြယ်လှယ်တာတွေက နိုင်ငံရေးကို တွန်းပို့လှုံ့ဆော်နေတာတွေကြောင့် ဒီမိုကရေစီဝါဒ ခြိမ်းခြောက်ခံနေရတယ်။ မူဝါဒရေးဆွဲ သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပိုမို သွက်လက်တဲ့ လှုပ်ရှားမှုတွေ မပါရင် အနာဂတ်အတွက် မျှော်လင့်ချက် ဟာနည်းမှာပဲဖြစ်တယ်။ ပြောင်းလဲမှုအရှိန် မြင့်တက်လာ တာနဲ့အတူ နက်ရှိုင်းတဲ့ နိုင်ငံတကာအတွင်း အချင်းချင်း အားကိုးမှုကြောင့် သာမန်အဖြေတွေကို ရှာဖို့အတွက် လွယ်မလာဘဲ ပိုပြီးခက်လာတယ်။
အချိန်ကို ရပ်ဆိုင်းကာ ခဲရာခဲဆစ် ရွေးချယ်မှုတွေကို မလုပ်ဘဲနေတဲ့ ဆွဲဆောင်မှုရှိနေတယ်။ ဒါပေမဲ့ လက်ရှိ ပြောင်းလဲမှုတွေဟာ ကျွန်တော်တို့ပါဝင်တာဖြစ်စေ၊ မပါဝင်တာဖြစ်စေ အားလုံးအပေါ် သက်ရောက်မှုရှိနေ မှာပဲ။ ရှေ့ကို ဆက်သွားဖို့ဆိုရင် စာတတ်မြောက်တာကို ကောင်းမွန်အောင်လုပ်ကာ ခက်ခဲတဲ့ အတွေးအခေါ် တွေနဲ့ ထိတွေ့ဖို့လိုတယ်။ ဒီလိုမှမလုပ်ရင် ကပ်ဘေးကို ဖိတ်ခေါ်သလိုဖြစ်လိမ့်မယ်။ အနာဂတ်ကို ကျွန်တော်တို့ ကိုင်တွယ်ပုံဖော်နိုင်မှသာ ကျွန်တော်တို့ ကြောက်ရွံ့မှု လျော့နည်းမှာဖြစ်တယ်။ ရဲရင့်တဲ့သူတွေ ဘာမှမလုပ်ရင် သမိုင်းရဲ့ အကွေ့အဝိုက်ဟာ တရားမျှတမှု၊ သို့မဟုတ် ကောင်းမွန်တဲ့ ရလဒ်တွေဖြစ်လာမှာ မဟုတ်ဘူး။
ဘာလင်တံတိုင်း ဖြိုချလိုက်ပြီး နှစ်ပေါင်း ၃၀ အကြာ မှာ ကျွန်တော်တို့ဟာ အလှည့်အပြောင်းကာလကို ရောက်လာခဲ့ပြန်ပြီ။ အတွေးအခေါ် တိုက်ပွဲတွေကလည်း အရှိန်ပြင်းထန်နေတယ်။ လူမှုအဖွဲ့အစည်းတွေအတွင်းနဲ့ကြားမှာ တည်ဆောက်နေတဲ့ တံတိုင်းသစ်တွေဟာ ကျွန်တော်တို့ရဲ့ စုပေါင်းအနာဂတ်ကို ခြိမ်းခြောက်နေတယ်။ ဒီနှစ်မှာတော့ ဒါတွေကို စတင်ဖြိုချရတော့မှာဖြစ်တယ်။
(ဤဆောင်းပါးသည်Ian Goldin နှင့်Robert Muggah တို့၏ အာဘော်များသာဖြစ်သည်။ Ian Goldin သည်Globalization and Development ပါမောက္ခဖြစ်ပြီOxford တက္ကသိုလ်ကOxford Martin Programme on Technological and Economic Change ၏ ညွှန်ကြားရေးမ·းလည်းဖြစ်သည်။Robert Muggah သည်Igarape Institute and SecDev Group ကို ပူးတွဲတည်ထောင်သူဖြစ်ပြီIan Goldin နှင့် ပူးတွဲရေးသားသည့် ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများနှင့် ပတ်သက်သည့် စာအုပ်ကို Penguin Random House က ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေမည်ဖြစ်သည်။
(Project Syndicate) Jan 4, 2019

















