ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပင်လုံခုံးတံတားအောက်တွင် ရထားလမ်းပေါ်ကျောခိုင်းလျှောက်နေသူ အမျိုးသားတစ်ဦး ရထားတိုက်မိသေဆုံးခဲ့မှု ဇန်နဝါရီ ၁၆ ရက် ညပိုင်းကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၉ နာရီ ၁၃ မိနစ် အချိန်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း တိုးကြောင်လေးဘူတာနှင့် ငမိုး ရိပ်ဘူတာကြား ရန်ကုန်- မန္တလေးရထားလမ်းပေါ် မိုင်တိုင်အမှတ် ၆/၁၀ နှင့် ၁၁ ကြားတွင် ရထားလာ ရာ ဘက်ကို ကျောခိုင်း၍လမ်းလျှောက်နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံအိမ်ယာ အပိုင်း (၄)နေ အသက် ၁၉ နှစ်အရွယ်အမျိုးသားအား ရန်ကုန်-မန္တလေး အမှတ်(၁၂) အစုန်ရထား(စက်ခေါင်းအမှတ်- DF 2097)ဖြင့် ဝင်တိုက်ခဲ့သည်။
ရထားတိုက်မိခဲ့ခြင်းကြောင့် ၄င်းတွင် ဦးခေါင်းနောက် ဘက်ခြမ်းပွင့်ထွက်၊ ဦးနှောက်ထွက် ဒဏ်ရာရရှိ သေဆုံးခဲ့ပြီး အလောင်းကို မြောက်ဥက္ကလာပဆေရုံကြီးသို့ ပို့အပ်ရာ ပီအာရ်၃၂ ဖြင့် လက်ခံထားပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့မရဲစခန်းက သေမှုသေခင်း ၁/၁၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။
















