ရမည်းသင်းမြို့နယ်၌ ရွှေတူးဖော်ရေးလုပ်ကွက်လှိုဏ် ခေါင်းအတွင်းမှ ဗြုန်းကျောက်များခိုးတူးခဲ့သည်ဆိုသူ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာက ဇန်နဝါရီ ၁၆ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။
ဇန်နဝါရီလ ၁၅ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ အမျိုးသာ းကြီးပွားတိုးတက်ရေးကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးစိုးထွန်းနှင့် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည်ကုမ္ပဏီပိုင် ထုံးကြီး ရွှေတူးဖော်ရေးလုပ်ကွက် အကျယ် ၂၀ ပေ ပတ်လည်ရှိ Adit- 1 လိုဏ်ခေါင်းပေါက်တွင်းသို့ လူ ၁၀ ဦးခန့် ခိုးဝင်တူဖော် နေကြောင်း သတင်း ရရှိခဲ့သည်။
အဆိုပါလှိုဏ်ခေါင်းပေါက်အတွင်းသို့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၂ နာရီ ၃၀ မိနစ်အချိန် တွင် ဝင်ရောက်ရှာဖွေခဲ့ရာ Adit Level-3 အဆုံး၌ အောင်လံမြို့နယ်၊ သီးကုန်း ကျေးရွာနေ အေးကို(၅၀)နှစ်ပါအမျိုးသား(၁၀)ဦးတို့ကိုတွေ့ရှိကာ ရမည်းသင်းမြို့မရဲစခန်းသို့ ပို့အပ်ခဲ့သည်။
၄င်းတို့ဝင်ရောက်ခဲ့သည့် လှိုဏ်ခေါင်းအတွင်းမှ ဗြုန်းကျောက် ၂ အိတ်(၉ ပိဿာခန့်)၊ ဗြုန်းကျောက် တူးရာတွင် အသုံးပြုသည့် သံချောင်း ၂ ချောင်း၊ သံစို့ ၃ ခု၊ ပေါင်တူ ၁ ခုတို့ကို နံနက် ၈ နာရီတွင် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ သတ္တုတွင်းလက်ထောက်-၃ ဦးစောအောင်သူရနှင့် ရဲတပ်ဖွဲ့ဝင်များ က စစ်ဆေးတွေ့ရှိခဲ့သည်။
ရမည်းသင်းမြို့မရဲစခန်းက (ပ)၂၇/၁၉၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူထားသည်။

















