သတင်းသမားများအား ရတနာပုံတက္ကသိုလ်ပါမောက္ခ ရိုင်းပျစွာဆက်ဆံသည့်ကိစ္စစုံစမ်းစစ်ဆေးခွင့်ရှိကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်ပြောဆို

သတင်းသမားများအား ရတနာပုံတက္ကသိုလ်ပါမောက္ခ ရိုင်းပျစွာဆက်ဆံသည့်ကိစ္စစုံစမ်းစစ်ဆေးခွင့်ရှိကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်ပြောဆို

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း က ကျောင်းသားဆန္ဒပြပွဲတွင် သတင်းယူသော သတင်းသမားများအား ရတနာပုံတက္ကသိုလ် ပါမောက္ခ (ဌာနမှူး) က နှောင့်ယှက်ခြင်း၊ ရိုင်းပျစွာ ဆက်ဆံခဲ့ခြင်းတို့အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် စုံစမ်းစစ်ဆေးခွင့်ရှိကြောင်း မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောဆိုသည်။

"ဒီအဖွဲ့က ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ၊ ဘာဆိုင်လို့လဲဆိုပြီး လမ်းဘေးအဖွဲ့လိုသဘောထားတွေ ရှိတယ်။ တို့ကဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ်။ သတင်းမီဒီယာဥပဒေမှာလည်း မီဒီယာကောင်စီဟာ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ နိုင်ငံ့ဝန်ထမ်းဖြစ်တယ်ဆိုတာ ပြဋ္ဌာန်းထားတယ်။ အဲဒါကြောင့် နိုင်ငံ့ဝန်ထမ်း ခံစားအပ်တဲ့ တာဝန်ရှိတဲ့အချက်တွေရှိတယ်"ဟု ၎င်းက ပြောဆိုသည်။

တိုင်ကြားစာ

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးအ ခြေစိုက်သတင်းမီဒီယာသမားများက သတင်း ရယူရင်း နှောင့်ယှက်ခံရခြင်းနှင့်ရိုင်းပျစွာ ဆက်ဆံခံရခြင်းတို့အတွက် တစ်စုံတစ်ရာ ဆောင်ရွက် ပေးရန် မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီသို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၉ ရက်က တိုင်ကြားစာပေးပို့ခဲ့သည်။ ယင်းတိုင်ကြားချက်များအပေါ် အခြေပြု၍ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီသည် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခဲ့သည်။

သို့သော်ယင်းကိစ္စအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် လုပ်ပိုင်ခွင့်ကျော်လွန် ဆောင်ရွက်သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ လုပ်ပိုင်ခွင့်များအတွက် ထုတ်ပြန်ချက်ထုတ်ပြီးဖြေရှင်း ခဲ့သည်။

ပူးပေါင်းဆောင်ရွက်

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် တစ်စုံတစ်ရာ အရေးယူ သည့်အဆင့်မဟုတ်ဘဲ စုံစမ်းစစ်ဆေးသည့် အဆင့်မျှသာဖြစ်ကြောင်း၊ တာဝန်ပေးအပ်မှုကို ကန့်ကွက်မှု၊ တားဆီးမှု၊ နှောင့်ယှက်မှုပြုခြင်းသည် ပြည်သူ့ဝန်ထမ်း၏ တာဝန်အရ ဆောင်ရွက် မှုကို နှောင့်ယှက်ခြင်းဖြစ်သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃ နှင့် ငြိစွန်းကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးခြင်းသည်မှန်ကန်မှု၊ မျှတမှု၊ တရားမှုအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီကျင့်စဉ်များရှင်သန်ရေးအတွက် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်နေသောမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက်အပေါ်ကဏ္ဋကောစဖြစ်မှုမျိုးကို ရှောင်ရှား သင့်ပြီး ပြေလည်ရာပြေလည်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။ စိုင်းဝÊ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး