ရတနာပုံနှင့်ပွဲ၌ ရှမ်းမှ ဂူစတာဗိုနှင့် နာကာမှုရာ ဒဏ်ရာကြောင့် မပါနိုင်

ရတနာပုံနှင့်ပွဲ၌ ရှမ်းမှ ဂူစတာဗိုနှင့် နာကာမှုရာ ဒဏ်ရာကြောင့် မပါနိုင်

ရတနာပုံအသင်းအား အဝေးကွင်းတွင်ရင်ဆိုင်ရမည့်ပွဲ၌ အဓိကနိုင်ငံခြားသား ကစားသမားနှစ်ဦး ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း ရှမ်းယူနိုက်တက်နည်းပြချုပ်ဦးမင်းသူက ပွဲကြိုစကားပြောဆိုသည်။

လွဲချော်

ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည် နေရှင်နယ်လိဂ်ပွဲစဉ်(၂)ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ၃နာရီခွဲတွင် ဗထူးကွင်း၌ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက်တိုက်စစ်မှူး ဂူစတာဗိုနှင့် ကွင်းလယ်လူ နာကာမူရာတို့ ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သည်။

" နာကာမူရာက ချာရတီဖလားပွဲမှာ ဒဏ်ရာရခဲ့တယ်။ ဂူစတာဗိုကလည်း စစ်ကိုင်းနဲ့ပွဲမှာ ဒဏ်ရာရထားလို့ ရတနာပုံနဲ့ပွဲမှာ သူတို့နှစ်ယောက် ပါနိုင်မှာမဟုတ်ပါဘူး။ အဓိက ကစားသမားနှစ်ယောက် ဒဏ်ရာရနေပေမယ့် စိုးရိမ်နေမှာမဟုတ်ပါဘူး။ ပွဲတစ်ပွဲမှာ ပိုကောင်းအောင်ကစားနိုင်တဲ့အသင်းကပဲ အနိုင်ရမှာပါ" ဟု ဦးမင်းသူက ပြောဆိုခဲ့သည်။

အနိုင်သုံးမှတ်

ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ပွဲစဉ်(၁)တွင် စစ်ကိုင်းယူနိုက်တက်ကို သရေသာကစားနိုင်ခဲ့၍ ယနေ့ကစားမည့်ပွဲစဉ်မှာ အနိုင်သုံးမှတ်အဖြစ်မနေရမှဖြစ်မည်ဟု ဦးမင်းသူက ပြောဆိုထားသည်။ ရှမ်းယူနိုက်တက်ကို အိမ်ကွင်း၌ လက်ခံကစားရမည့် ရတနာပုံအသင်းမှာလည်း ပြီးခဲ့သည့်ပွဲ၌ သရေရလဒ်သာ ရယူထားနိုင်ခဲ့သည်။

ရတနာပုံအသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးက အိမ်ကွင်းပရိသတ်ရှေ့တွင် ရလဒ်ကောင်းရရန် အကောင်းဆုံးကြိုးစားမည်ဖြစ်ပြီး ပြီးခဲ့သည့်ပွဲက အမှားများကို ပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး