နိုင်ငံရေးစနစ်ကို အဓိကထားကာကွယ်ရမည်ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေးဝန်ကြီးညွှန်ကြား

နိုင်ငံရေးစနစ်ကို အဓိကထားကာကွယ်ရမည်ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေးဝန်ကြီးညွှန်ကြား

တရုတ်ရဲတပ်ဖွဲ့ဝင်များသည် အများပြည်သူ၏ပုန်ကန်ထကြွမှုသို့မဟုတ် အရောင်စုံတော်လှန်ရေးများကို နှိ်မ်နင်းရမည်ဖြစ်ပြီး တရုတ်နိုင်ငံရေးစနစ်အားကာကွယ်ရေးကို အဓိကဦးစားပေးလုပ်ဆောင်ရမည်ကြောင်း တရုတ်အများပြည်သူလုံခြုံရေးဝန်ကြီး ကျောက်ကဲကျီက ဇန်နဝါရီ ၁၇ ရက်တွင်ပြောဆိုခဲ့သည်။

တည်ငြိမ်မှုကို လွန်စွာလိုလားသော ကွန်မြူနစ်ပါတီသည် လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်ရှိ အောက်ခြေလူတန်းစားများပါဝင်သော လှုပ်ရှားမှုများကို အမြစ်ပြတ်နှိမ်နင်းနိုင်ရန် ရဲတပ်ဖွဲ့အား တာဝန်ပေးခဲ့သည်မှာကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းကဲ့သို့ နှိမ်နင်းမှုများသည် တရုတ်သမ္မတရှီကျင့်ဖျင်လက်ထက်တွင် ပိုမိုပြင်းထန်လာခဲ့သည်။ တရုတ်သည် ပါတီအုပ်ချုပ်မှုကိုအားနည်းသွားစေမည့် အနောက်တိုင်း၏သြဇာသက်ရောက်မှုများကို ကြံ့ကြံ့ခံရန်လိုအပ်ကြောင်း ရှီက သတိပေးခဲ့ပြီးဖြစ်သည်။

တရုတ်ရဲတပ်ဖွဲ့သည် ရောင်စုံတော်လှန်ရေးများကို တားဆီးခြင်း၊ ကြံ့ကြံ့ခံရင်ဆိုင်ခြင်းတို့ကို ဦးစားပေးလုပ်ဆောင်ပြီး တရုတ်နိုင်ငံရေးလုံခြုံမှုကို ဦးလည်မသုန်ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ဝန်ကြီး ကျောက် ကဲကျီကပြောဆိုခဲ့သည်။

ထို့ပြင် အစိုးရ၊ စနစ်လုံခြုံရေးနှင့် အမျိးသားလုံခြုံရေးကို ဦးစားပေးကာကွယ်ပြီး တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းနှင့် နိုင်ငံ၏ဆိုရှယ်လစ်စနစ်တို့ကို စောင့်ရှောက်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ရောင်စုံတော်လှန်ရေးဆိုသည်မှာ ယူကရိန်းတွင် အစိုးရများပြုတ်ကျစေခဲ့သည့် အများပြည်သူထကြွမှုမျိုးကိုဆိုလိုခြင်းဖြစ်သည်။

ယူကရိန်းရှိ ယင်းကဲ့သို့ ထကြွမှုမျိုးကို လုပ်ဆောင်ခြင်းမပြုရန်နှင့် ယင်းကဲ့သို့တော်လှန်မှုမျိုးကြောင့် ကာလရှည်အုပ်ချုပ်နေသည့် အစိုးရများပြုတ်ကျပြီး မတည်ငြိမ်မှုများသာရှိလာနိုင်ကြောင်း တရုတ်အစိုးရကက ယခင်ကလည်းက သတိပေးခဲ့ပြီးဖြစ်သည်။