ထိုင်းနိုင်ငံရှိ ဆဲဗင်း-အလဲဗင်းစတိုးဆိုင်တွဲများတွင် ပလတ်စတစ်အိတ်အသုံးပြုမှု လျှော့ချနိုင်ခဲ့ကြောင်း၊ အကယ်၍ ထိုင်းတွင် တစ်ခါသုံးပလတ်စတစ်လျှော့ချလိုသည်ဆိုလျှင် စတိုးဆိုင်များအား စောင့်ကြည့်သင့်ကြောင်း၊ နိုင်ငံတစ်လွှား စတိုးဆိုင်တံခါးပေါက် မှ ပလတ်စတစ်အိတ်ဆွဲပြီး မနားတမ်းထွက်လာနေသည့် ဝယ်သူများအားတွေ့ရမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ဆဲဗင်း-အလဲဗင်းစတိုးဆိုင်တွဲများအားပိုင်သည့် စီပီအောပတ်ဘလစ်ကုမ္ပဏီမှ အစီရင်ခံစာအရ ယင်းတို့အနေဖြင့် ထိုင်းတွင် ပလတ်စတစ် အသုံးလျှော့ချရေးအတွက်ကြေညာထားကြောင်း၊ ထိုင်းနိုင်ငံတစ်ဝန်းရှိ ဆဲဗင်း-အလဲဗင်း စတိုးဆိုင်တွဲများ၌ တစ်ခါသုံးပလတ်စတစ်အသုံးပြုမှု အဆုံးသတ်စေမည်ဖြစ်ကြောင်း ဆိုသည်။
ထိုသို့ ထိုင်းနိုင်ငံတစ်ဝန်းရှိ ဆဲဗင်း-အလဲဗင်းစတိုးဆိုင်တွဲများတွင် တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှု အဆုံးသတ်စေရေးကြိုးပမ်းရာတွင် ထိုင်းပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ အထူးသဖြင့် ကမ္ဘာကြီးပူးနွေးလာနေမှုအား လျှော့ချရေးအတွက်ကူညီစေလိုကြောင်း ထိုင်းနိုင်ငံရှိ ဆဲဗင်း-အလဲဗင်းစတိုးဆိုင်တွဲများ အား ပိုင်သည့် စီပီအောပတ်ဘလစ်ကုမ္ပဏီမှ MD နှင့် CEO ဖြစ်သူ သာနင်ဘူရန် နာမာရစ်က ပြောသည်။ ယခုမှစပြီး ဆဲဗင်းအလဲဗင်းစတိုးဖောက်သည်တစ်ဦးအနေ ဖြင့် ပလတ်စတစ်အိပ်လက်ခံရန်ငြင်းပယ်သည့် ဖောက်သည်တိုင်း ရမှတ် ၁၀ မှတ်ရမည် ဖြစ်ပြီး 7 Value Card ဖြင့်ဈေးဝယ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ဆဲဗင်း-အလဲဗင်းစတိုးဆိုင်တွဲများအားပိုင်သည့် စီပီအောပတ်ဘလစ်ကုမ္ပဏီအနေဖြင့် စတိုးဆိုင်များတွင်သာမက တက္ကသိုလ်များ၊ ဆေးရုံများတွင် ပလတ်စတစ်အသုံးလျှော့ ချရေးပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့နှင့်ပူးပေါင်းကာ ပြည်ပခရီးသွားအဓိက နေရာဒေသများတွင်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဌာနနှင့်ပေါင်းပြီး အမျိုးသားပန်းခြံစသည်များတွင်လည်းကောင်း ပလတ်စတစ်အသုံး လျှော့ချရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
















