ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့နယ် (၆)ရပ်ကွက်မှ ငါးနှစ်အရွယ် ကလေး ငယ်တစ်ဦးမှာ ကျောက်ကပ်ရောဂါခံစားနေ ရသည်မှာ တစ်နှစ်ခန့်ရှိနေပြီး လက်ရှိတွင် ရောဂါပိုမိုဆိုးရွားလာသဖြင့် ဆေးကုသမှုခံယူ ရန် အကူအညီများလိုအပ်လျက်ရှိကြောင်း ကလေးမိဘများထံမှ သိရသည်။
ကလေးငယ်မှာ ဦးနေလင်းအောင်နှင့် ဒေါ်သွယ်သွယ်တို့၏သမီးဖြစ်ပြီး ရောဂါဒဏ် ကြောင့် ကလေးဗိုက်မှအလုံးကြီးသည် တစ်နေ့ တခြားပိုမိုကြီးလာသကဲ့သို့ ဆီးအရောင်မှာ လည်း အဖြူရောင်ဖြစ်နေသည်။
တင်ပို့ထား
အဆိုပါကလေးငယ်၏မိဘများမှာ ငွေပို ငွေလျှံမရှိသည့် တစ်နေ့လုပ်တစ်နေ့စားသမား များဖြစ်ပြီး လက်ရှိတွင် ညောင်တုန်းဒေသခံ ကိုသန့်ဇော်ထိုက်၏ အကူအညီဖြင့် ညောင်တုန်း ဆေးရုံသို့ ဇန်နဝါရီ ၁၇ ရက်က တင်ပို့ထား ပြီး သွေးနှစ်ပုလင်းသွင်းထားရကြောင်း မိဘများ နှင့်ကူညီပေးနေသူထံမှ သိရသည်။
လှူဒါန်းနိုင်
၎င်း၏မိဘ ဦးနေလင်းအောင်နှင့် ဒေါ်သွယ် သွယ်တို့တွင် ကလေးသုံးဦးရှိပြီး ရောဂါ ခံစားနေရသည်မှာ အငယ်ဆုံးသမီး မရွှန်းလဲ့ အောင်ဖြစ်ကြောင်း၊ အလှူငွေလှူဒါန်းလိုသည့် ပုဂ္ဂိုလ်များအနေဖြင့် ကလေး၏ဖခင်ဖုန်း- ဝ၉- ၉၅၅ ၄၀၁ ၉၆၆၊ ကလေးငယ်အားကူညီပေးနေ သူ ကိုသန့်ဇော်ထိုက် ဖုန်း-ဝ၉- ၇၇၇ ၄၄၄ ဝ၂၉ တို့သို့ ချိတ်ဆက်လှူဒါန်းနိုင်ကြောင်း သိရသည်။















