ကေကေအို(ခွဲထွက်)အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး ဦးဆောင်သော ၁၁ ဦးအဖွဲ့ သည် နယ်မြေခံတပ်ရင်းဌာနချုပ်သို့ လက်နက် နှင့်ငြိမ်းချမ်းရေးလဲလှယ်၍ ဥပဒေဘောင် အတွင်းသို့ဝင် ရောက်ခဲ့သဖြင့် ဇန်နဝါရီ ၁၉ ရက်က ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အမှတ် (၂၇၅)ခြေလျင်တပ်ရင်းခန်းမသို့ နံနက် ၈ နာရီ မိနစ် ၅၀ တွင် ရောက်ရှိလာကြပြီး နယ် မြေခံတပ်ရင်း ခန်းမတွင် သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်အောင် အမှတ် (၂၇၅)ခြေလျင်တပ်ရင်းဒု တပ်ရင်းမှူး ဗိုလ်မှူးနိုင်လင်းအောင်၊ အရှေ့ တောင်တိုင်း စရဖ တပ်ဖွဲ့မှူး ဗိုလ်မှူးဝမ်း မောင်တို့က ကြိုဆိုနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး နံနက် ၉ နာရီတွင် လက်နက် နှင့် အလင်းဝင်ရောက်လာသည့် စောဖိုးငယ် နှင့်အဖွဲ့အား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင် အောင်က လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ကိုလက်ခံရယူ၍ လိုအပ်သည်များကို ထောက်ပံ့ ကူညီပေးခဲ့ကြောင်း သိရသည်။
ကေကေအို (ခွဲထွက်)အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိ စောဖိုးငယ်ဦးစီးသော အင်အား ၁၁ ဦးသည် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ် ပြီး သာမန်ပြည်သူများအဖြစ် အေးချမ်းစွာ နေထိုင်လိုခြင်း၊ ဥပဒေနှင့်အညီ နေထိုင်လုပ် ကိုင်၍ မိသားစုဘဝတိုးတက်ရေးကို ဆောင် ရွက်လိုခြင်းတို့ကြောင့် ၎င်းတို့ကိုင်ဆောင်သော အမ်- ၁၆ သေနတ်တစ်လက်၊ ပွိုင့်- ၃၀ ကာဘိုင် သေနတ်ခြောက်လက်၊ အေကေ -၄၇ သေနတ် သုံးလက်၊ ပွိုင့်- ၄၅ စက်သေနတ်ကလေးတစ် လက်၊ ၁၂- ဗို့ပြောင်းရှည် (ဇလုပ်)သေနတ် (မောင်းတံမပါ) တစ်လက်၊ အမ်အေ- ၁၂ (ပေါင်းစပ်ပြုပြင်ထားသော မောင်းပြန်ရိုင်ဖယ်)တစ်လက်၊ ၇ ဒသမ ၆၂ (အေကေ -၄၇ ကျည်) အတောင့် ၂၀၊ ပွိုင့် ၃၀ကာဘိုင်ကျည်ငါးတောင့်၊ ၅ဒသမ၅၆ (အမ်-၁၆) ကျည်အတောင့် ၆၀၊ ပွိုင့် ၃၀ ကာဘိုင်ကျည်အိမ်(အရှည်) လေးခု၊ ပွိုင့် ၃၀ ကာဘိုင်ကျည်အိမ်(အတို) နှစ်ခု၊ အမ်- ၁၆ ကျည်အိမ်အတိုတစ်ခု၊ အမ်အေ- ၁၂ ကျည်အိမ်တစ်ခု၊ ပွိုင့် ၄၅ (စက်သေနတ်) ကျည်အိမ်တစ်ခု၊ အေကေ -၄၇ ကျည်အိမ် သုံးခု စုစုပေါင်းလက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၈၅တောင့်၊ ကျည်အိမ် ၁၂ ခုတို့ကို အပ်နှံခဲ့ရာ သင်္ယန်းညီနောင်တပ်နယ်မှ ဗိုလ်မှူး ကြီး နိုင်အောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ကေကေအိုစစ်ဦးစီးချုပ်အဆင့်ရှိ စောမူရှေး တို့က လက်ခံကြိုဆိုခဲ့ကြပြီး လိုအပ်သည့်အသုံး အဆောင်ပစ္စည်းများကိုလည်း ထောက်ပံ့ပေး အပ်ခဲ့သည်။
စောကျော်သက်အဖွဲ့
လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ဗိုလ်ကြီးအဆင့်ရှိ စောဖိုးငယ် ဦးစီးအင်အား ၁၁ဦးအဖွဲ့သည် ကေကေအို(ခွဲထွက်)စောကျော် သက်အဖွဲ့မှဖြစ်ကြောင်း သိရသည်။
















