ကျောင်းသူတစ်ဦးအား လူမှုကွန်ရက်ဖြင့်အနှောင့်အယှက်ပြုသည့်အလယ်တန်းပြဆရာ ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်

ကျောင်းသူတစ်ဦးအား လူမှုကွန်ရက်ဖြင့်အနှောင့်အယှက်ပြုသည့်အလယ်တန်းပြဆရာ ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆပ်ရပ် ကွက် ဟောင်လိတ်အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ကျောင်းသူတစ်ဦး အား ဂုဏ်သိက္ခာအသရေပျက်စီးအောင် အနှောင့်အယှက် ပြုလုပ်သည်ဟုဆိုကာ အလယ်တန်းပြကျောင်းဆရာတစ်ဦး ကို ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖြားယောင်းသွေးဆောင်

"သူ့အတန်းပိုင်းဆရာက အဲဒီလိုမျိုး ဖြားယောင်းသွေး ဆောင်ပြီး ရေးလာတော့ ကျွန်တော် တအားစိတ်ထိခိုက် တယ်ဗျ။ တခြားကျောင်းသူမိန်းကလေးတွေကိုလည်း အဲဒီ လိုမျိုးထပ်မံကျူးလွန်မှာစိုးလို့ ၆၆(ဃ)နဲ့ တစ်ခါတည်း ဖွင့် လိုက်တာပါ။ ကျောင်းအုပ်ဆရာမကြီးက အဲဒီဆရာကို စစ်ဆေးပြီး တခြားနေရာကိုရွှေ့လိုက်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နောက်တစ်ခါကျတော့ မရွှေ့ပေးမယ့်ပုံစံမျိုးပြန် ပြောနေတယ်။ ကျွန်တော့်သမီးက အခုလောလောဆယ် ရန်ကုန်မှာ မြန်မာစာထူးချွန်သွားဖြေနေတယ်။ သူပြန်လာ တာနဲ့ ကျောင်းကိုလွှတ်ဖို့အတွက် တော်တော်လေး အခက် အခဲရှိသွားပါတယ်"ဟု အမှုဖွင့်တိုင်တန်းခဲ့သည့် ကျောင်းသူ ၏ဖခင်က ပြောဆိုသည်။

တိုင်တန်း

တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်ရှိ နေအိမ်တွင် ဇန်နဝါရီ ၁၄ ရက်ညပိုင်းက ကျောင်းသူ၏ဖခင်ဖြစ်သူသည် သမီး ဖြစ်သူ အဋ္ဌမတန်းကျောင်းသူအား ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်း၌ကျင်းပမည့် ဟောင်လိတ်အခြေခံပညာအထက် တန်းကျောင်းရှိ ပညာရေးစုံညီပွဲတော်တွင် အမှတ်တရ ဓာတ်ပုံရိုက်နိုင်ရန် ဟွာဝေ-း (Huawei) အမျိုးအစားဖုန်း ထဲသို့ ဆင်းမ်ကတ်ထည့်ပေးနေစဉ် သမီးဖြစ်သူ၏အတန်း ပိုင်ဆရာ ဦးဇော်လတ်က ၎င်း၏ဖုန်းဖြင့် "မနက်ဖြန်မှာ နမ်းရှိုက်ခွင့်မရရင် ဆရာ ဘယ်လိုမှမခံစားနိုင်ဘူး သမီး"၊ "သမီး"၊ "အခု ဆရာကျောင်းမှာပါ"ဟု စာတိုသုံးကြောင်း မက်ဆေ့ချ်ပေးပို့လာ၍ သမီးဖြစ်သူ၏ ဂုဏ်သိက္ခာထိခိုက် စေသည့်အပြင် ပညာသင်ကြားရေးအတွက်ပါ အနှောင့် အယှက်ဖြစ်စေသဖြင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံး ပြုပြီး အနှောင့်အယှက်ဖြစ်အောင်ဆောင်ရွက်ခဲ့သူ အလယ် တန်းပြကျောင်းဆရာ ဦးဇော်လတ်အား ဥပဒေအရ အရေး ယူပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက "သူက ပညာရေးဝန်ထမ်း ကျောင်းဆရာဖြစ်နေလို့ ပညာရေးဌာနက အကြီးအကဲထံကို ကျွန်တော်တို့က အကြောင်းကြားစာပို့မယ်။ သူ့ကိုခေါ်ယူ စစ်ဆေးမယ်။ ကျန်တဲ့ဟာကတော့ ရဲလုပ်ငန်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု ပြောဆိုသည်။

သို့ဖြစ်၍ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး အနှောင့်အယှက်ပြုလုပ်သည့် ကျောင်းဆရာ ဦးဇော်လတ် အား တာချီလိတ်မြို့မရဲစခန်းက (ပ) ၃၀/၂၀၁၉၊ ဆက်သွယ် ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး