သမီးရည်းစားကိစ္စဖြင့် စကားများရာမှ ဓားထိုးခံရ၍ သေဆုံးမှု ဇန်နဝါရီလ ၂၀ ရက်နေ့က လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ည ၉ နာရီခန့်တွင် လှိုင်သာယာမြို့နယ် အလယ်ရွာနေ ကိုအောင်ဇော်မြတ်သည် ပဒုမ္မာလမ်းရှိ စာပေဟောပြောပွဲသို့ သွားရောက်ခဲ့ပြီး အဆောင်သို့ ပြန်ခဲ့သည်။
ကိုအောင်ဇော်မြတ်၏ညီဝမ်းကွဲတော်စပ်သူ ခိုင်လင်းဇော်(၂၀)နှစ် ဓားထိုးခံရ၍ လှိုင်သာယာဆေးရုံတွင် ရောက်ရှိနေကြောင်း ကိုအောင်ဇော်မြတ်၏ဇနီးဖြစ်သူက ကိုအောင်ဇော်မြတ်ကိုပြောပြခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
ညီဝမ်းကွဲဖြစ်သူမှာ ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကိုသိရသဖြင့် ဖြစ်စဉ်ကို စုံစမ်းရာ တစ်ဆောင်တည်းနေ ကျော်ရဲအောင် (ခ)ကိုရဲ(၁၆)နှစ်နှင့် ညီဝမ်းကွဲတို့ သမီးရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ကျော်ရဲအောင်(ခ)ကိုရဲက အရိုးအသွား(၉)လက်ခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
လှိုင်သာယာမြို့မရဲစခန်းက(ပ)၂၇၇/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။
















