ကလိချောင်းရေတံခါး  မပိတ်ရသေးသဖြင့်  လယ်ဧက  ၃၀ဝ၀  ကျော်  နွေစပါးစိုက်ပျိုးရန်  အခက်ကြုံ

ကလိချောင်းရေတံခါး  မပိတ်ရသေးသဖြင့်  လယ်ဧက  ၃၀ဝ၀  ကျော်  နွေစပါးစိုက်ပျိုးရန်  အခက်ကြုံ

ပဲခူးမြို့နယ် ကလိချောင်းအတွင်း ရေတံခါး ဟောင်းပြန်ပိတ်ပေးရေး တင်ပြထားသော်လည်း မပိတ်ပေးသဖြင့် နွေစပါးစိုက်မည့် ကျေးရွာ လေးရွာမှ လယ်ဧက ၃၀ဝ၀ ကျော်မှာ ဆည် ရေမရရှိဘဲ နွေစပါးစိုက်ပျိုးရန်အခက်ကြုံနေကြောင်း ပဲခူးမြို့နယ် အဝိုင်းကျေးရွာဒေသခံ များထံမှ သိရသည်။

အခက်ကြုံ

ပဲခူးမြို့နယ် အဝိုင်းကျေးရွာ၊ ရွှေတန် ကျေးရွာ၊ ကလိကျေးရွာနှင့် မုက္ကလကျေးရွာတို့မှ လယ်သမားများ အားထားအသုံးပြုရသည့် ကလိချောင်းရေတံခါးမှာ ကလိကျေးရွာအနီး တည်ရှိပြီး လွန်ခဲ့သည့်ငါးနှစ်ကျော်ကတည်းက ပျက်စီးနေသဖြင့် ဆည်မှလွှတ်လိုက်သောရေများကို ဟန့်တားနိုင်ခြင်းမရှိသောကြောင့် လယ်သမားများ ဆောင်းသီးနှံနှင့် နွေစပါး စိုက်ပျိုးရန် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

"လွန်ခဲ့တဲ့ငါးနှစ်ကျော်တုန်းက ရေတံခါးကို သစ်သားတုံးတွေနဲ့ အဖွင့်အပိတ်လုပ်ပေးခဲ့ ပါတယ်။ ကလိချောင်းရဲ့ ဘယ်၊ ညာလယ်တွေကို အရင်တုန်းက ပဲအမျိုးမျိုးစိုက်ပျိုးကြပါတယ်။ အခု ပဲစိုက်ပျိုးတာ မဖြစ်ထွန်းတော့ပါဘူး။ အဲဒီတော့ လယ်သမားတွေက နွေစပါးပြန်လည် စိုက်ပျိုးဖို့ အခက်တွေ့နေကြပါတယ်။ ပျက်စီး နေတဲ့ ရေတံခါးကို ပြန်ပြင်ဖို့ လွှတ်တော်ကိုယ် စားလှယ်ဆီ တင်ပြထားပေမယ့်လည်း အခုချိန်ထိ မဆောင်ရွက်ပေးသေးပါဘူး" ဟု ပဲခူးမြို့နယ် ကလိကျေးရွာမှ လယ်သမားကြီး ဦးလှကြိုင်က ပြောဆိုသည်။

တောင်းဆိုခဲ့

အဆိုပါ ကျေးရွာများတွင် ယခင်က ဆောင်းသီးနှံအဖြစ် ပဲအမျိုးမျိုးစိုက်ပျိုးခဲ့သော် လည်း ယခုအခါ နွေစပါးပြောင်းလဲစိုက်ပျိုး လိုသဖြင့် ဒေသခံလယ်သမား ၁၈ ဦးက ကလိ ချောင်းအတွင်းရှိ ရေတံခါးဟောင်းအား ပြန်လည်ပြုပြင်ပေးရန် ၂၀၁၈ ခုနှစ် စက်တင် ဘာလတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုခဲ့ ကြောင်း သိရသည်။

"ကလိချောင်းရေတံခါးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ပြောလို့ ဝန်ကြီးဆီ တင်ပြထားပါတယ်။ အရင်က ရေသွင်း၊ရေထုတ် ရေတံခါးလေး လုပ်ပေးထားတယ်။ အဲဒီတုန်း ကတော့ လယ်သမားတွေက ပဲစိုက်ပျိုးတဲ့အတွက် ရေသွင်းရေထုတ် မလုပ်ခဲ့ဘူး။ အခုတော့ နွေ စပါးစိုက်ပျိုးချင်တယ်ပြောတယ်။ ရေပိတ်ချင်ရင် ထိန်းသိမ်းစရိတ်တော့ လိုပါတယ်။ ဝန်ကြီး လမ်းညွှန်မှုကို စောင့်နေပါတယ်" ဟု ပဲခူးတိုင်း ဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကို ဦးက ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်၊ တမံ ၃၃ ခုရှိပြီး နွေစပါးစိုက်ဧက လေးသိန်းကျော်ရှိ သည့်အနက် ဧကနှစ်သိန်းကျော်ကို ချောင်းပိတ်၊ မြောင်းပိတ် ရေပေးဝေသည့်အစီအစဉ်ဖြင့် ဆည်ရေပေးနိုင်ရန် စီစဉ်ထားကြောင်း ပဲခူးတိုင်း ဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး