ယူ-၂၁ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ရုပ်သံမှတိုက်ရိုက်ပြမည်

ယူ-၂၁ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ရုပ်သံမှတိုက်ရိုက်ပြမည်

 

နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပမည့် ၂၀၁၉ခုနှစ် တိုင်းနှင့်ပြည်နယ် အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) က တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

ဗိုလ်လုပွဲသို့ တနင်္သာရီတိုင်းအသင်းနှင့် မကွေးတိုင်းအသင်းတို့တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ဇန်နဝါရီ ၂၃ရက် မွန်းလွဲ ၃နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။

တနင်္သာရီတိုင်းအသင်းသည် ဆီမီးဖိုင်နယ်တွင် နေပြည်တော်အသင်းကို ခြောက်ဂိုး နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး မကွေးတိုင်းအသင်းမှာ မွန်ပြည်နယ်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဇန်နဝါရီ ၂၃ရက် နံနက် ၇နာရီတွင် နေပြည်တော်နှင့် မွန်ပြည်နယ်အသင်းတို့ တတိယနေရာလုပွဲကို ဝဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး