စစ်ကိုင်းယူနိုက်တက်  လေ့ကျင့်ရေးကွင်းအခက်အခဲ  ကြုံတွေ့

စစ်ကိုင်းယူနိုက်တက်  လေ့ကျင့်ရေးကွင်းအခက်အခဲ  ကြုံတွေ့

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် စစ်ကိုင်း ယူနိုက်တက်အသင်းသည် အိမ်ကွင်းပွဲစဉ်များ လက်ခံကစားရာ၌ လေ့ကျင့်ရေးကွင်းအခက် အခဲကြုံတွေ့နေကြောင်း အသင်းနည်းပြချုပ် ဦးဇော်လင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

အခက်အခဲဖြစ်ပေါ်

စစ်ကိုင်းယူနိုက်တက်အသင်းသည် အိမ် ကွင်းအဖြစ် မုံရွာမြို့ရှိ မုံရွာအားကစားကွင်းကို အသုံးပြုလျက်ရှိနေပြီး နေရှင်နယ်လိဂ်ပွဲစဉ် မကစားမီ နှစ်ရက်အလိုတွင် အဆိုပါကွင်း၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ခွင့်ရခဲ့သည်။ သို့သော် လိဂ်ပွဲစဉ်ကစားအပြီး ကြားရက်များ တွင် လေ့ကျင့်ပြင်ဆင်ရာ၌ ကွင်းမရရှိသဖြင့် အသင်းကိုပြင်ဆင်ရာတွင် အခက်အခဲများဖြစ် ပေါ်လျက်ရှိကြောင်း သိရသည်။

လေ့ကျင့်ရေးကွင်းမရှိ

"အိမ်ကွင်းပွဲတွေက ဆက်တိုက်ကစားရ မှာဆိုတော့ အသင်းကိုမုံရွာမှာပဲထားပြီး လေ့ကျင့်ပြင်ဆင်နေရတယ်။ လိဂ်ပွဲကစားပြီး ရင် သုံးရက်လောက် လေ့ကျင့်စရာကွင်းမရှိ ဘူး။ ဥပမာ စနေကန်ပြီးရင် တနင်္ဂနွေနားတယ်။ တနင်္လာ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေဆို လေ့ကျင့် စရာကွင်းမရှိဘူးဖြစ်နေတယ်။ မုံရွာကွင်းက လည်း အဲဒီကြားရက်တွေ လေ့ကျင့်လို့ မရဘူး။ ပတ်လမ်းမှာပဲ ပြေးလို့ရတယ်။ ပြေးတာတောင် တာဝေးပဲပြေးလို့ရတယ်။ တခြားလေ့ကျင့်တာ တွေလုပ်လို့မရဘူး။ ပြိုင်ပွဲမတိုင်ခင် နှစ်ရက် တော့ ကွင်းထဲမှာ လေ့ကျင့်လို့ရတယ်။ ပွဲမတိုင် ခင် နှစ်ရက်လောက်လေ့ကျင့်ရုံနဲ့တော့ အသင်း ကို ပြင်ဆင်ရာမှာ အခက်အခဲတွေရှိပါတယ်" ဟု ဦးဇော်လင်းထွန်းက ဖွင့်ဟခဲ့သည်။

တင်ပြထား

အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ အသင်းတာဝန်ရှိသူများကိုလည်း တင်ပြထား ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

" ရတနာပုံတို့ ဆောက်သမ်းတို့ဆိုရင် သူတို့ အိမ်ကွင်းမှာ ကြိုက်တဲ့အချိန်ဆင်းလို့ ရပါ တယ်။ အိမ်ကွင်းမှာ လေ့ကျင့်တာအသားကျ နေမှ ပြိုင်ပွဲမှာအိမ်ကွင်းအားသာတာကို အခွင့် အရေးအဖြစ် အသုံးချလို့ရမှာပါ။ အသင်းတာ ဝန်ရှိသူတွေကိုတော့ လေ့ကျင့်ရေးကွင်း အခက် အခဲရှိတယ်လို့ တင်ပြထားပါတယ်။ ရန်ကုန် မှာတော့ လေ့ကျင့်ရေးကွင်း အဆင်ပြေတယ်" ဟု ပြောဆိုခဲ့သည်။

ဖြေရှင်းပေး

စစ်ကိုင်းယူနိုက်တက်၏ လေ့ကျင့်ရေး ကွင်း အခက်အခဲနှင့်ပတ်သက်၍ နေရှင်နယ် လိဂ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ သိရှိကြောင်းနှင့် ပြေလည်အောင် ဖြေရှင်းပေးပြီးဖြစ်ကြောင်း နေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်က ပြော ဆိုခဲ့သည်။

စစ်ကိုင်းယူနိုက်တက်အသင်းကို မဟာယူ နိုက်တက်အမည်ဖြင့် ၂၀၁၅ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ရာသီကုန်တွင် လိဂ်-၁သို့ တန်းတက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။



ဖတ်ရှုမှုအများဆုံး