ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးခုနစ်မြို့တွင် မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရေးလူထုလှုပ်ရှားမှုများကို ဇန်နဝါရီ နောက်ဆုံးပတ်မှ စတင်၍ ပြုလုပ်မည်ဖြစ်ကြောင်း ပုသိမ်မြို့ခံ နိုင်ငံရေးတကြွ်ကလှုပ်ရှား သူများထံမှ ပြောဆိုခဲ့သည်။
လှုပ်ရှားမှုများကို ဇန်နဝါရီ ၂၇ ရက်တွင် ပုသိမ်မြို့မှ စတင်ပြုလုပ် သွားမည်ဖြစ်ပြီး ငပုတော၊သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ အင်္ဂပူ၊ ဟင်္သာတစသည့် မြို့များတွင် မြို့ခံ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးတကြွ်ကလှုပ်ရှား သူများ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားကျောင်းသူများ စုပေါင်းပြီး ဆက် လက်ပြုလုပ်သွားမည်ဖြစ်သည်။
"ဧရာဝတီမြစ်ဟာ ကျွန်တော်တို့ တိုင်း ပြည်ရဲ့ အချုပ်အခြာအာဏာဖြစ်တယ်။ ဧရာဝ တီကိုထိပါးရင် အချုပ်အခြာအာဏာကို ထိပါး တာနဲ့ အတူတူပဲလို့ ရင်ထဲမှာ ခံစားရတယ်။ ဧရာဝတီကို ထိပါးမယ်၊ မြစ်ဆုံကိုထိပါးမယ် ဆိုတဲ့ သဘောမျိုး တရုတ်သံ အမတ်ကြီးရဲ့ပြော စကား သံရုံးကထုတ်တဲ့စာအရကျေနပ်စရာ မရှိတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေဘက် က ဆန္ဒထုတ်ဖော်မှု ကမ်ပိန်းတွေကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်"ဟု ပုသိမ်မြို့ခံနိုင်ငံရေး အကျဉ်းသားဟောင်း ဦးဇော်ထိုက်က ပြော ဆိုသည်။
ဖြန့်ဝေ
မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရေး လှုပ် ရှားမှုများတွင် ကမ်ပိန်းနှင့် ကဗျာရွတ်ဆိုပွဲများ၊ မြစ်ဆုံစီမံကိန်းအကြောင်း စာပေဟောပြောပွဲ များကို လူစည်ကားရာနေရာများတွင် အဖွဲ့များ ခွဲ၍ ကန့်ကွက်ကြောင်း လက်မှတ်ကောက် ယူခြင်းနှင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
ပေးပို့မည်
မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရေး လှုပ် ရှားမှုများပြုလုပ်ပြီးနောက် ရရှိလာမည့် လူထု ကန့်ကွက်သည့် လက်မှတ်များကို စုပေါင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အဆင့် အကြီးအကဲများနှင့် တရုတ် သံရုံးသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။
















