အတ္ထရံမြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင်မင်္ဂလာကျင်းပ

အတ္ထရံမြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင်မင်္ဂလာကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ ပနောကျေးရွာတွင် ပြုလုပ်သည့် အတ္ထရံ မြစ်ကူး (စံပယ်ဂူ) တံတား ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ကော့ပနောကျေးရွာ တွင် ပြုလုပ်ခဲ့သည်။

စက်ခလုတ်နှိပ်

ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ် စားလှယ်တို့က မင်္ဂလာအချိန်တွင် ပန္နက်တော် များကို စက်ခလုတ်နှိပ်၍ ရိုက်သွင်းပေးခဲ့ ကြောင်း သိရသည်။

ယင်းတံတားသည် မွန်ပြည်နယ်အတွက် ငြိမ်းချမ်းရေးတံတားကြီးဖြစ်ကြောင်း၊ ယင်း ဒေသ၌နေထိုင်ကြသော မွန်လူမျိုး၊ ကရင် လူမျိုးများအတွက် ဖွံ့ဖြိုးတိုးတက်ရေး အထူး ဦးစားပေးတည်ဆောက်ရခြင်းဖြစ်ကြောင်း၊ အဓိကကျသော လမ်းပန်းဆက်သွယ်ရေးက ပို၍အရေးကြီးကြောင်း၊ လက်ရှိပြည်နယ် အစိုးရလက်ထက်တွင် တည်ဆောက်ပြီးစီးခဲ့ပါ က ပြည်နယ်အစိုးရအဖွဲ့၏အောင်ပွဲဖြစ်ကြောင်း ဒေါက်တာအေးဇံက ပြောဆိုသည်။

"မယ်ကလိုကျေးရွာ ကော့ပနောကျေးရွာ က ကျောင်းသားကျောင်းသူတွေဟာ အဋ္ဌမတန်း အောင်ပြီး ကျိုက်မရောမြို့မှာ အထက်တန်း ကျောင်း သွားနေဖို့က မိုးတွင်းမှာဆို မိုးထဲလေထဲ သွားလာရတော့ အရမ်းကို အန္တရာယ်များပါ တယ်။ ယခု ဒီတံတားဆောက်ပြီးသွားရင် သွားလာရ အဆင်ပြေသွားမယ်။ ကျွန်တော်တို့ အတွက်တော့ ဒီတံတားကို ရွှေအိပ်မက်တံတား ပါ"ဟု ကျိုက်မရောမြို့နယ် မယ်ကလိုကျေးရွာ မှ ဦးထွန်းသောင်က ပြောဆိုသည်။

သံကူကွန်ကရစ်

ယင်းအတ္ထရံတံတား (စံပယ်ဂူ) အောက်ခြေ မှာ ဘိုးပိုင်အုတ်မြစ်အမျိုးအစားဖြစ်ကြောင်း၊ ကိုယ်ထည်မှာ သံကူကွန်ကရစ်ကိုယ်ထည်ဖြစ် ကြောင်း၊ ပင်မတံတားတွင် သံမဏိသံပေါင် ခုံးအမျိုးအစားတပ်ဆင်သွားမည်ဖြစ်ပြီး တံတား ၏ ခံနိုင်ဝန်အားမှာ ၇၅ တန်ဖြစ်ကြောင်း၊ ယာဉ်သွားလမ်းအကျယ်မှာ ၂၈ ပေရှိပြီး နှစ် လမ်းသွားတံတားအမျိုးအစားဖြစ်ကြောင်း၊ တံတားအရှည်မှာ စုစုပေါင်းပေ ၂၂၀ဝ ကျော် ရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ ၁၄ မှ ဒုတိယညွှန်ကြားရေး မှူးဦးဇော်မိုးလွင်က ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး