ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီး

ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီး

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် နတ်မောက်လမ်း အမှတ် (၃၀) တွင် တည်ရှိသည်။

မျက်စိရောဂါ ဝေဒနာမျိုးစုံကို တစ်နေရာတည်း၌ ကုသမှုများပေးနိုင်သော ပြည်သူ့ ဆေးရုံကြီးဖြစ်ပါသည်။ ထိုမျက်စိအထူးကုဆေးရုံကြီးကို ၂၀ဝ၀ ပြည့်နှစ် မတ်လ ၂၆ ရက်(တနင်္ဂနွေနေ့)က စတင်၍ ဖွင့်လှစ်ခဲ့ပါသည်။ ဆေးရုံကြီး စတင်ဖွင့်လှစ်သည့်နေ့မှ စတင်ကာ ယနေ့အချိန်အထိ မြန်မာနိုင်ငံ ဒေသအရပ် အသီးသီးတို့မှ မျက်စိရောဂါလူနာရှင်ပေါင်းမျိုးစုံတို့ကို နေ့စဉ်ကုသပေးလျက်ရှိနေပါသည်။

ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီးသည် ခုတင် ၁၅၀ ဆံ့ပြည်သူ့ဆေးရုံကြီးဖြစ်သည်။ ဆေးရုံကြီးတွင် ပါ မောက္ခတစ်ဦး၊ တွဲဖက်ပါမောက္ခ ၁၀ဦး၊ မေ့ဆေးဆရာဝန် ကြီး တစ်ဦး၊ မျက်စိအထူးကုဆရာဝန် ၁၀ဦး၊ လက်ထောက် ဆရာဝန် ၂၂ဦး၊ ဆေးကုသရေးဘက်တွင် ၄၄ဦး၊ ဆေးရုံ ကြီးအုပ်ချုပ်ရေး သုံးဦးတို့ရှိကြသည်။ သူနာပြု –(၂) ကိုးဦး၊ သူနာပြု–(၃) ၅၂ဦးရှိသည်။ ဆေးရုံကြီးတွင် ဝန်ထမ်း အင်အားစုစုပေါင်း ၂၁၆ ဦးရှိကြောင်း လက်ရှိဆေးရုံအုပ် ကြီး ဒေါက်တာ ဒေါ်သက်သက်စိန်က ပြောကြားသည်။

မျက်စိအထူးကုဆေးရုံကြီးတွင် မျက်စိအတွင်းတိမ် ရောဂါ၊ ရေတိမ်ရောဂါ၊ မျက်စိနာရောဂါ၊ မျက်ခမ်းစပ် ရောဂါများ၊ မျက်သားတက်ခြင်း ရောဂါဝေဒနာများနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိကြသော မျက်စိရောဂါ ဝေဒနာရှင်မျိုးစုံနှင့် မွေးရာပါ မျက်စိကွယ်ရောဂါဝေဒနာ ရှင်အပေါင်းတို့အား စနေ၊ တနင်္ဂနွေနေ့မကျန် အရေးပေါ် ကုသလျက်ရှိနေပါသည်။

မျက်စိအထူးကုဆရာဝန် ဆရာဝန်မများနှင့် သူနာ ပြုဆရာ ဆရာမများ ပါဝင်ဖွဲ့စည်းထားသော ယူနစ်(၅) ခု ထားရှိသည်။ မိမိတို့တာဝန်ကျသော နေ့ရက်များတွင် နံနက်အစောပိုင်းမှစတင်ကာ ညနေမိုးချုပ်ချိန်အထိ တက် ညီလက်ညီ ခွဲစိတ်ကုသပေးလျက်ရှိနေပါသည်။ တစ်ပတ်လျှင် ငါးရက်နှုန်းဖြင့် တစ်ရက်လျှင် မျက်စိရောဂါဝေဒနာရှင် အယောက် ၅၀ မှ ၈၀ အထိ ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရပါသည်။

ရန်ကုန်မျက်စိအထူးကု ဆေးရုံကြီး၏ မှတ်ပုံတင်ဌာန တွင် နေ့စဉ်ပြင်ပလူနာ ၃၀ဝ မှ ၅၀ဝ အထိ လာရောက် ပြသကြသည်။ အတွင်းလူနာ ၇၀ မှ ၁၂၀ ကြားရှိသည်။ ဆင်းရဲနွမ်းပါးသော လူနာများနှင့် အိမ်များမှ လာရောက် ကျွေးမွေးကြရန် အခက်အခဲရှိနေကြသော လူနာများအနက် ၃၀ မှ ၅၀ တို့ကို ထမင်း၊ ဟင်းနှင့် မုန့်များကျွေးမွေးလျက် ရှိသည်။ စေတနာရှင်၊ ကုသိုလ်ရှင်များရှိပါကလည်း ဆေးရုံတက်နေသော ဝေဒနာရှင်များကို ထမင်းဟင်းနှင့် အလှူငွေများ လှူဒါန်းသွားကြသည်ကိုလည်း သိရှိခဲ့ရပါသည်။

ထို့ကြောင့် မျက်စိအထူးကုဆေးရုံကြီးတွင် ဆေးဝါး ကုသမှုခံယူလျက်ရှိကြသော ရပ်နီးရပ်ဝေးမှ မျက်စိရောဂါ ဝေဒနာရှင်များအတွက် စေတနာရှင်၊ အလှူရှင်၊ ကုသိုလ်ရှင် များသည် လာရောက်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021