နေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများ ထောက်ပံ့ကြေး တိုးမြှင့်ရရှိ အိမ်ကွင်းကျင်းပနိုင်သည့်အသင်း ကျပ်သိန်း ၁,၃၀ဝ ရရှိမည်

နေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများ ထောက်ပံ့ကြေး တိုးမြှင့်ရရှိ အိမ်ကွင်းကျင်းပနိုင်သည့်အသင်း ကျပ်သိန်း ၁,၃၀ဝ ရရှိမည်

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီသည် ယခုနှစ်ဘောလုံးရာသီမှစ၍ နေရှင်နယ်လိဂ်--၁ ပြိုင်ပွဲဝင်အသင်းများကို ထောက်ပံ့ကြေးကျပ်သိန်း ၁၃၀ဝ အထိတိုးမြှင့် ပေးမည်ဖြစ်ပြီး လိဂ်--၂ ပြိုင်ပွဲဝင်အသင်း များကိုလည်း ထောက်ပံ့ကြေးကျပ်သိန်း ၄၀ဝ အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

သီးခြားထောက်ပံ့

မြန်မာနေရှင်နယ်လိဂ်--၁ ပြိုင်ပွဲဝင်အသင်း များကို ယခင်နှစ်ရာသီက တစ်သင်းလျှင် ထောက်ပံ့ကြေးကျပ်သိန်း ၆၀ဝစီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး အိမ်ကွင်းလက်ခံကျင်းပနိုင်သည့် အသင်းများကို ကျပ်သိန်း ၅၀ဝ စီသီးခြားထောက်ပံ့ ပေးခဲ့သည်။ အလားတူလိဂ်--၂ ပြိုင်ပွဲဝင်အသင်း များကိုလည်း ကျပ်သိန်း ၃၀ဝ စီ ထောက်ပံ့ပေး အပ်ခဲ့သည်။ ယခုနှစ်ရာသီတွင် မြန်မာနေရှင် နယ်လိဂ်မှ စပွန်ဆာများတိုးမြှင့်ရရှိခဲ့သဖြင့် နေရှင်နယ်လိဂ်--၁ ပြိုင်ပွဲဝင်အသင်းတစ်သင်း စီကို ထောက်ပံ့ကြေးကျပ်သိန်း ၇၀ဝ တိုးမြှင့် ပေးမည်ဖြစ်ပြီး အိမ်ကွင်းလက်ခံကျင်းပနိုင်သည့် အသင်းများကို ကျပ်သိန်း ၆၀ဝ သီးခြားတိုးမြှင့် ထောက်ပံ့ပေးမည်ဖြစ်သည်။ လိဂ်--၂ ပြိုင်ပွဲဝင် အသင်းများကိုမှု ကျပ်သိန်း ၁၀ဝ ထပ်မံတိုးမြှင့် ထောက်ပံ့ပေးခဲ့၍ တစ်သင်းလျှင် ကျပ်သိန်း ၄၀ဝ စီရရှိမည်ဖြစ်ကြောင်း သိရသည်။

တစ်နှစ်စာအသုံးစရိတ်

"လိဂ်ကော်မတီက စပွန်ဆာရရှိတဲ့အပေါ် မူတည်ပြီး ထောက်ပံ့ကြေးတွေကို အခုလို တိုးမြှင့်ထောက်ပံ့ပေးခဲ့တာပါ။ ဒီနှစ်မှာ လိဂ် ပြိုင်ပွဲကျင်းပရေးက ကျင်းပတဲ့ပြိုင်ပွဲတွေအ တွက် တစ်နှစ်စာအသုံးစရိတ်ကို ကျပ်သိန်း ပေါင်းလေးသောင်းရှစ်ထောင် သုံးဖို့ရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျွန်တော်တို့စပွန်ဆာက နေရထားတဲ့ အသုံးစရိတ်က ကျပ်သိန်းပေါင်း လေးသောင်းခြောက်ထောင်ပဲရှိပါတယ်။ လိုနေ တဲ့ ကျပ်သိန်းနှစ်ထောင်အတွက် စပွန်ဆာတွေ ထပ်မံရှာဖွေရပါဦးမယ်"ဟု မြန်မာနေရှင်နယ် လိဂ်စီအီးအို ဦးစိုးမိုးကျော်က ထုတ်ဖော်ပြော ဆိုခဲ့သည်။

တစ်လုံးတစ်ခဲတည်း

နေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းများကို ထောက်ပံ့ကြေးများတိုးမြှင့်ထောက်ပံ့မည် ဖြစ်သော်လည်း ငွေကြေးတစ်လုံးတစ်ခဲတည်း ထောက်ပံ့ပေးနိုင်ဦးမည်မဟုတ်ကြောင်း စီအီး အို ဦးစိုးမိုးကျော်က တစ်ဆက်တည်းပြောဆို ခဲ့သည်။ "စပွန်ဆာတွေကနေ ရတဲ့ငွေကြေးက တစ်လုံးတစ်ခဲတည်းရတာမဟုတ်တော့ အသင်း တွေကို ထောက်ပံ့ရာမှာ တစ်လုံးတစ်ခဲတည်း ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ စပွန်ဆာတွေကနေ ရတဲ့ငွေကြေးအပေါ်မူတည်ပြီး သုံးရစ်ခွဲပေး တာလည်းဖြစ်ရင်ဖြစ်မယ်။ လေးရစ်ခွဲပေးတာ လည်းဖြစ်ရင်ဖြစ်မှာပါ"ဟု ၎င်းက ဖွင့်ဟခဲ့သည်။

လက်ခံကျင်းပ

မြန်မာနေရှင်နယ်လိဂ်--၁ ပြိုင်ပွဲကို အသင်း ၁၂သင်းဖြင့် ကျင်းပလျက်ရှိပြီး ရန်ကုန်ယူနိုက် တက်၊ ရှမ်းယူနိုက်တက်၊ ရတနာပုံ၊ ရခိုင်ယူနိုက် တက်၊ ဧရာဝတီယူနိုက်တက်၊ ဆောက်သမ်း မြန်မာ၊ ဟံသာဝတီယူနိုက်တက်နှင့် စစ်ကိုင်းယူ နိုက်တက်စသည့် အသင်းရှစ်သင်းမှာ အိမ်ကွင်း လက်ခံကျင်းပလျက်ရှိသည်။ ဇွဲကပင်ယူနိုက် တက်၊ ချင်းလန်းအက်ဖ်စီ၊ ဒဂုံအက်ဖ်စီ၊ မကွေး အက်ဖ်စီအသင်းတို့မှာ အိမ်ကွင်းလက်ခံကျင်းပ နိုင်ခြင်းမရှိသေးပေ။ ထိုအတူ လိဂ်--၂ ပြိုင်ပွဲဝင် အသင်းများသည်လည်း အိမ်ကွင်းလက်ခံ ကျင်းပနိုင်ခြင်းမရှိသေးကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး