နတ်တလင်းမြို့နယ် တာပွန်မြို့အလယ်ပိုင်းရပ်ကွက်ရှိ လိုင်စင်ရအပေါင်ဆိုင်တစ်ဆိုင်သို့ ရွှေအတုများ လာရောက် ပေါင်နှံသူကို သက်ဆိုင်ရာက ဇန်နဝါရီ ၂၇ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါနေ့ ညနေ ၄ အချိန်တွင် ကိုမင်းသူဖွင့်လှစ်ထားသည့် လိုင်စင်ရ အပေါင်ဆိုင်သို့ နတ်တလင်းမြို့နယ်နေ ကျော်ဝင်းအောင် ( ခ)ငကျော် ( ခ)ဖိုးလုံး ၃၀ နှစ် ရောက်ရှိလာပြီး အဝါရောင်ဗူး ဖြင့်ထည့်ထားသည့် ဆွဲပြားပါ ရွှေဆွဲကြိုးနှစ်ကုံးနှင့် လက်ကောက်ငါးကွင်း တို့ကို ပေါင်နှံခဲ့သည်။
အဆိုပါ ပစ္စည်းများကို ဆိုင်ရှင်က စစ်ဆေးရာ ရွှေရည်စိမ်ထားသည့် ရွှေထည်ပစ္စည်းအတုများ ဖြစ်နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ပြီး အရေးယူပေးရန် တိုင်ကြားခဲ့သည်။
တာပွန်နယ်မြေရဲစခန်းက ( ပ )၁၀/၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ အရ အမှုဖွင့် အရေးယူ ထားသည်။
















