စစ်ကိုင်းတံတားပေါ်မှခုန်ချသွားသည့် သားအဖနှစ်ဦးအနက် ဖခင်အလောင်းတွေ့ရှိ

စစ်ကိုင်းတံတားပေါ်မှခုန်ချသွားသည့် သားအဖနှစ်ဦးအနက် ဖခင်အလောင်းတွေ့ရှိ

ကလေးချီပိုးကာ စစ်ကိုင်းတံတားပေါ်မှ ဧရာဝတီမြစ်အတွင်းသို့ ခုန်ချခဲ့သည့် သားအဖနှစ်ဦး အနက် ဖခင်ဖြစ်သူ၏ အလောင်းကို စစ်ကိုင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ယနေ့ဇန်နဝါရီ ၃၀ ရက်တွင် ပြန်လည်တွေ့ရှိခဲ့သည်။ 

ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ဦး----က အသက်လေးနှစ်အရွယ် မျက်စိဝေဒနာရှင် သမီးငယ်ကို ချီပိုးကာ တံတားပေါ်မှ ခုန်ချသေဆုံးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက မြစ်အတွင်း ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့ နံနက် ၈ နာရီခွဲတွင် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းကို မြစ်လယ်တွင် တွေ့ရှိခဲ့ပြီး ကလေးငယ်ကို ရှာဖွေဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

အလောင်းကို စစ်ကိုင်းဘက်ကမ်းသို့ သယ်ဆောင်၍ အိုးဘိုနာရေးယာဉ်ဖြင့် စစ်ကိုင်းဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။