ယခုနှစ်ဘောလုံးရာသီတွင် နိုင်ငံတကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည့် ပဏာမမြန်မာ့လက်ရွေးစင်ယူ--၂၂နှင့် ယူ--၁၉ အသင်းတို့သည် စင်ကာပူပရီးမီးယားလိဂ် ချန်ပီယံ အယ်လ်ဘီရက် နီဂါတာအသင်း နှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲများ ကစားမည်ဖြစ်ကြောင်း သိရသည်။
သတင်းထုတ်ပြန်မည်
ပြီးခဲ့သည့် ရာသီက စင်ကာပူပရီးမီးယား လိဂ်ချန်ပီယံဖြစ်ခဲ့သည့် အယ်လ်ဘီရက်နီဂါ တာအသင်းသည် မတ် ၆ ရက်တွင် ရန်ကုန်မြို့ သို့ ရောက်ရှိလာမည်ဖြစ်ပြီး မတ် ၇ ရက်တွင် ပဏာမမြန်မာ့လက်ရွေးစင်ယူ--၁၉ အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ ထို့နောက် မတ် ၉ ရက်တွင် ပဏာမမြန်မာ့လက်ရွေးစင်ယူ--၂၂ အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်ပြီး ခြေစမ်း ပွဲနှစ်ပွဲကစားမည့် အချိန်နှင့်အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ထပ်မံသတင်းထုတ်ပြန်ပေးမည် ဖြစ်သည်။
အယ်လ်ဘီရက် နီဂါတာအသင်းသည် ဂျပန်ကလပ်အသင်း တစ်သင်းဖြစ်ပြီး စင်ကာ ပူပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ခုနှစ်များတွင် သုံးကြိမ်ဆက်ရရှိထား သည့် အသင်းဖြစ်သည်။ အဆိုပါအသင်းတွင် စင်ကာပူကစားသမား လေးဦးသာပါပြီး ကျန် ကစားသမားအားလုံးမှာ ဂျပန်ကစားသမား များဖြစ်ကြသည်။ ထို့အပြင် အယ်လ်ဘီရက် နီဂါတာအသင်းသည် လိဂ်ဖလားလေးကြိမ် နှင့် ရှုံးထွက်ဖလား လေးကြိမ်ဆက်ရရှိထား သည်။















