အထောက်အထားမဲ့ဝင်ရောက်လာသူ ၅ ဦးကို ရဲတပ်ဖွဲ့က တောနင်းရှာဖွေခဲ့ပြီး မြို့နယ်လဝကသို့ အပ်နှံ

အထောက်အထားမဲ့ဝင်ရောက်လာသူ ၅ ဦးကို ရဲတပ်ဖွဲ့က တောနင်းရှာဖွေခဲ့ပြီး မြို့နယ်လဝကသို့ အပ်နှံ

မင်းလှမြို့နယ် ရှိ ၀ါးတောအတွင်း အထောက်အထားမဲ့ဝင်ရောက်လာသူ ၅ ဦးကို ရဲတပ်ဖွဲ့က တောနင်းရှာဖွေခဲ့ပြီး မြို့နယ်လဝကသို့ ဇန်နဝါရီ ၃၀ ရက်တွင် လွှဲပြောင်းအပ်နှံခဲ့ သည်။

အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မင်းလှမြို့နယ် စျေးကြီးကျေးရွာအဝင်လမ်း တောင်ဘက်(၂)ဖာလုံခန့်အကွာ ၀ါးတော ထဲတွင် မသင်္ကာဖွယ်လူစိမ်းများ ဖြတ်သန်းထွက်ပြေးနေကြောင်း သတင်းအရ ရေနံမနယ်မြေရဲစခန်းမှ  ရဲအုပ် မျိုးမင်းထွန်း ဦးစီးအဖွဲ့သွားရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာတွင် စျေးကြီးကျေးရွာနှင့် မြောက်မျှားကုန်းကျေးရွာများမှ နယ်မြေ ကျွမ်းကျင်သူ လူငယ်(၁၅)ဦးခန့်တို့က ရဲတပ်ဖွဲ့ဝင်မျာနှင့်အတူ တောနင်းရှာဖွေခဲ့ရာ မွန်းလွဲဂ၂ နာရီခွဲခန့်တွင် မြောက်မျှား ကုန်းကျေးရွာ၏ အနောက်ဘက်(၁)မိုင်ခန့်အကွာ ၀ါးတောထဲတွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာအုပ်စု၊ ဟာရပိုင်ကျေးရွာနေ အမိဟူဆွင် (ခ)လှကျော်အပါအဝင် အထောက်အထားမဲ့ ခိုးဝင်လာသူ ၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ 

၄င်းတို့ကို မြို့နယ်လဝကသို့ အပ်နှံကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိသည်။