ဒိုက်ဦးမြို့နယ် လယ်ကွက်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏အလောင်းကို ဇန်နဝါရီလ ၃၀ ရက်က တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောငါး သိရသည်။
အဆိုပါနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်-မန္တလေးကားလမ်းမ မိုင်တိုင်အမှတ် ၇၈/၂ နှင့် ၃ ကြား ကားလမ်းမနှင့် ၂ ဖာလုံခန့်အကွာ ပျဉ်းမလွင်ကျေးရွာ လယ်ကွက်ကန်သင်းရိုးအနီး အမည်မသိအမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာကသွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သေဆုံးသူအမျိုးသမီးတွွင် လည်ပင်း၊ နို့အုံ ၊ဝမ်းဗိုက်၊ ချက်ဘေးတို့တွင် ထိုးသွင်းဒဏ်ရာ ၁၆ ချက် ဖြင့် သေဆုံးနေသည်ကို တွေ့သည်။
ဒိုက်ဦးမြို့နယ် ဖောင်တော်သီနယ်မြေရဲစခန်းမှ(ပ)၁၉/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုရေးဖွင့် အရေးယူထားသည်။
















