ရွှေစက်တော် မန်းချောင်းဆင်စခန်း ဖေဖော်ဝါရီ ၉ ရက်၌ ဖွင့်မည်

ရွှေစက်တော် မန်းချောင်းဆင်စခန်း ဖေဖော်ဝါရီ ၉ ရက်၌ ဖွင့်မည်

နှစ်စဉ်ကျင်းပမြဲဖြစ်သော မကွေးတိုင်း ဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက် တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်ဖွင့်ပွဲတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ယင်းနေ့မှာပင် ရွှေစက်တော် မန်းချောင်းဆင်စခန်းကိုလည်း တစ်ဆက်တည်းဖွင့်ပွဲကျင်းပပေးမည်ဟု မင်းဘူး (သစ်ထုတ်လုပ်ရေး)မှ လက်ထောက်မန်နေဂျာ ဦးလှသန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆို သည်။

စည်ကား

ဆင်စီးရင်းဖြင့် သဘာဝတောတောင်ရေ မြေအလှအပခံစားနိုင်ခြင်း၊ မန်းချောင်းအတွင်း မှ အထက်စက်တော်ရာဘုရားအား အဝေးမှ လှမ်းမျှော်ကြည်ညိုဖူးမြော်နိုင်ခြင်း၊ အပန်းဖြေ နားနေနိုင်ခြင်းများ အပြည့်အဝရရှိစေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ဖွင့်ပွဲအကြို ဆင်စာကျွေးသူ၊ ဆင်စီးသူများ၊ ဘုရားဖူးများဖြင့် စည်ကားနေသည်ကို တွေ့ ရသည်။

ဆင်စခန်း

ဆင်စခန်းသည် အထက်စက်တော်ရာ ဘုရား၏ အရှေ့တောင်ဘက် အထက်စက် တော်ရာသွားလမ်းမှ နှစ်မိုင်ခွဲခန့်သာဝေးသည်။ ပဒါန်း-ပုသိမ်-မုံရွာလမ်းခွဲထွက်သည့် ရှစ်မိုင် လမ်းမှဝင်လျှင် ငါးမိုင်ခန့်လာရသည်။ ငှက် ပျောသီးနှင့်ကြံရိုးချောင်းများပါဝင်သည့် ဆင်စာ တစ်ပွဲ ကျပ် ၁၀ဝ၀ နှုန်းဖြင့်လည်းကောင်း၊ ဆင်စီးခ လူတစ်ဦး ကျပ် ၅၀ဝ၀ နှုန်းဖြင့်လည်း ကောင်း၊ ဆင်တစ်စီးစီးပါက ဆင်စခန်းပတ် ဝန်းကျင် မန်းချောင်းရိုးတစ်လျှောက် မိနစ် ၂၀ ကြာ စီးခွင့်ရမည်ဖြစ်သည်။ လူသုံးဦး တစ်ပြိုင်နက် ဆင်ပေါ်တင်စီးနိုင်သည်။

ဆောင်ရွက်

ယမန်နှစ်က ဆင်ခုနစ်စီးရှိခဲ့ပြီး ယခုအခါ ဆင်ရှစ်စီး၊ ဆင် ၁၅ စီးရှိသည်ဟု သိရသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးသစ်ထုတ်လုပ် ရေးတွင် ဆင်အစီးကောင်ရေ ၈၀ ရှိသည်ဟု ဆိုသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ငွေကျပ် သိန်း ၁၀ဝ၀ ချပေးခဲ့သည်။ တည်းခိုဆောင်၊ နားနေဆောင်၊ စားသောက် ဆိုင်၊ တဲကျောင်း ၁၁ ကျောင်း၊ ရှင်းလင်းဆောင်၊ နားနေဆောင်များတွင် ရေမီးအပြည့်အစုံ၊ သစ်ပင်ပန်းမန်၊ လမ်းသာယာရေး၊ လုံခြုံရေး အစစအရာရာ ပြည့်စုံအောင်ခရီးသွားဘုရားဖူး ပြည်သူများ စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး