(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီတွင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ (၁) လမ်း၌ ကျင်းပခဲ့သည်။
ဖဲကြိုးဖြတ်ဖွင့်
စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ ခရိုင် ဦးစီးအရာရှိ ဒေါ်ကြူကြူလှိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသူရထွန်းလင်းနှင့် မြို့နယ်ပညာရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် သုတ၊ ရသ ကဏ္ဍစုံ စာအုပ်အမျိုးအစား စုံလင်စွာပါဝင်ပြီး အရောင်းဆိုင်ခန်း ၁၀ ခန်းဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ ၅ ရက်အထိ နံနက် ၈ နာရီမှ ည၉ နာရီအတွင်း ရောင်းချခြင်း၊ မြို့နယ်ပြည်သူ့ စာကြည့်တိုက်မှ ကလေးစာဖတ်ခန်း ဖွင့်လှစ်၍ ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ် များ ပြသခြင်းအစီအစဉ်များဖြင့် စာအုပ်ဈေး ရောင်းပွဲတော်ကို ဒုတိယအကြိမ်မြောက်ကျင်း ပဆောင်ရွက်လျက်ရှိသည်။
















