ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပေါက် ခေါင်းမြို့ တောင်နဝင်းရေလှောင်တမံ အောက် ပိုင်းမြို့ရွာများမှာ စိုးရိမ်နေကြပြီး တမံအတွင်း သိုလှောင်ထားသောရေများကို လျှော့ချပေးစေ လိုကြောင်း ဒေသခံများက တောင်းဆိုခဲ့သည်။
စောင့်ကြည့်
၂၀၁၉ ခုနှစ် ဇန်နဝါရီလပထမပတ်မှ စတင်ကာ ပေါက်ခေါင်းမြို့အထက်ပိုင်းရှိ တောင်နဝင်းရေလှောင်တမံတွင် အပေါ်ပိုင်း မြေသား အနည်းငယ်နိမ့်ကျမှုနှင့်အက်ကွဲ ကြောင်းတချို့ဖြစ်ပေါ်ခဲ့ပြီး အခြေအနေအား နေ့စဉ် တိုင်းတာစောင့်ကြည့် လျက်ရှိကြောင်း တောင်နဝင်းရေလှောင်တမံ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ သိရသည်။
"ဆည်ကြီးရဲ့ရေပမာဏနဲ့ အောက်ကိုဆင်း လာမယ့်ရေပမာဏကို တော်တော်လေး စိုးရိမ် နေကြတယ်။ ဖြစ်စေချင်တာက ရေကိုလည်း လျှော့ပေးစေချင်တယ်။ အမြန်လည်းပြင်ဆင် ပေးစေချင်တယ်။ ရေလျော့သွားရင်တော့ အကောင်းဆုံးအနေအထားလို့ မျှော်လင့်ရပါ တယ်။ မိုးတွင်းကာလအထိ ရေကို ဒီအတိုင်း မြင်နေရရင် ကျေးရွာမှာ လူမရှိတဲ့အနေအထား တောင် ဖြစ်လာနိုင်ပါတယ်။ အခုလည်းပဲ အချို့ဆိုရင် ကိုယ့်ရပ်ရွာကနေ အခြားရွာတွေကို ပြောင်းရွှေ့နေကြပါတယ်"ဟု ဆည်အောက် ပိုင်းရှိ ဝက်တိုးကျေးရွာမှ ဒေသခံ ဦးသိန်းဝင်း က ပြောဆိုသည်။
ရေလှောင်တမံ ပေအမှတ် ၆၁၀ဝ နှင့် ၆၂၀ဝ အကြားတွင် ရေလှောင်တမံပေါင်မှာ ရေပြင်ညီမှ လျှောဇောက်အဖြစ် အနည်းငယ် နိမ့်ကျခဲ့ပြီး အနိမ့်ဆုံးနေရာမှာ တစ်ပေခန့်ရှိ ကြောင်း၊ မြေသားနိမ့်ကျသည့် အနီးတစ်ဝိုက် တွင်လည်း အနက်နှစ်ပေခွဲမှ သုံးပေခန့်ရှိသော မြေအက်ကွဲကြောင်းအနည်းငယ် ဖြစ်ပေါ်ခဲ့သည်။
"ရေလျှော့တယ်ဆိုတာက တမံအောက် မှာ အချင်း ၈ ဒသမ ၂ ပေရှိတဲ့ ရေထုတြွ်ပန် ရှိပါတယ်။ အဲဒီရဲ့ ရေထုတ်နိုင်တဲ့စွမ်းအားက တစ်စက္ကန့်မှာ ၉၆၀ ကုဗပေရှိပါတယ်။ ဒါသူ့ရဲ့ ဒီဇိုင်းရေထုတ်နှုန်းဖြစ်ပါတယ်။ လက်ရှိမှာဆို သူ့ရဲ့ ရာခိုင်နှုန်း ၅၀ ထုတ်လွှတ်ထားပါတယ်။ တဖြည်းဖြည်း ၅၀ ကနေ ၁၀ဝ လွှတ်လို့ ရယ်ကူလေးရှင်းအရ လွှတ်လို့မရတဲ့အတွက် သူ့ရဲ့ဒီဇိုင်းခွင့်ပြုနိုင်တဲ့အထိ ကုဗပေ ၉၆၀ ရောက်အောင် ဖြည်းဖြည်းချင်း တိုးလွှတ်သွား ပါ့မယ်ခင်ဗျ"ဟု ပြည်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးဇော်ဦးက ပြောဆိုသည်။
စီမံချက်
ပေါင်းခေါင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၏ ညွှန်ကြားချက်နှင့် အတူ ဆည်အောက်ပိုင်း ရေစီးဆင်းသွားနိုင်သည့် ဧရိယာအတွင်း ကျ ရောက်နေသော ကျေးရွာနှင့် လူဦးရေစာရင်း များကောက်ယူခြင်း၊ ရွှေ့ပြောင်းနိုင်မည့် ကုန်း အမြင့်များ ရှာဖွေသတ်မှတ်ခြင်း၊ သတင်းမှန် ဆက်သွယ်နိုင်ရေး၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးစီမံချက်များရေးဆွဲခြင်းတို့ ပြု လုပ်ထားကြောင်း သိရသည်။
တောင်နဝင်းရေလှောင်တမံကို ၁၉၈၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၁၉၉၅ ခုနှစ်တွင်ပြီးဆုံးခဲ့ကြောင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်တို့ရှိ လယ်စိုက် ဧက ၉၂၀ဝ၀ ကျော်ကို ရေပေးဝေနိုင်ကြောင်း နှင့် လက်ရှိတွင် နွေစပါးစိုက်ဧက ၈၅၀ဝ ကို ရေပေးဝေလျက်ရှိသည်။
















