တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာ ချက်အား ကြိုဆိုခြင်းနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုများက ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ရေး ပြည်သူ့ဆန္ဒထုတ်ဖော် စုပေါင်း လမ်းလျှောက်ချီတက်ပွဲကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်မှ စတင်၍ မဟာဗန္ဓုလပန်းခြံရှေ့အထိ ပြုလုပ်ခဲ့ရာ အင်အားသောင်းနှင့်ချီ ပါဝင်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ချီတက်လမ်းလျှောက်သူ များက ပြည်ထောင်စုကြီး ထာဝရမပြိုကွဲရေး၊ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းမှုရရှိရေး၊ ပြည်တွင်းစစ်များ ပပျောက်ရေး၊ တိုင်းပြည် အတွင်း အေးချမ်းလုံခြုံတည်ငြိမ်ရေး၊ လက် နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေး စသည့်တို့ကို ချီတက်ရာလမ်းတစ်လျှောက် ြွေကးကြော်ခဲ့ ကြသည်။
တိုက်တွန်း
"အခုလိုမျိုးဆန္ဒထုတ်ဖော်ရတာက ကျွန်တော် တို့ဒေသမှာ မငြိမ်းချမ်းလို့ပါ။ ကျွန်တော်တို့က တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်ကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ဒေသမှာ ၂၀၁၂ ခုနှစ် နောက်ပိုင်းကစပြီး လက်နက်ကိုင်ပဋိပက္ခ တွေ တစ်ဖန်ပြန်ပြီးတော့ ဖြစ်ပေါ်လာတယ်။ နေ့စဉ်ရက်ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ များလာပါတယ်၊ ပေါက်ကွဲသံတွေဖြစ်ခဲ့ရပါတယ်။ ဆက်ကြေး ကောက်တာတွေ၊ လူသစ်စုနေတာတွေရှိပါ တယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ တပ်မတော်က စစ်တိုင်းကြီးငါးခုမှာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီအတွက် အင်မတန်မှဝမ်းသာဖွယ်ရာ ငြိမ်းရေးပန်းပွင့်ကြီးပွင့်လာသလိုပါပဲ။ ဒါကြောင့်မို့ အခုတပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့အချိန်မှာ ကျန်တဲ့လက်နက်ကိုင်တပ်ဖွဲ့ တွေကလည်း ပြည်သူလူထုလိုလားတဲ့ငြိမ်းချမ်း ရေးအတွက် ဃြဗ မှာ လက်မှတ်ရေးထိုးဖို့ ပါဝင်ကြပါလို့ ကျွန်တော် တိုက်တွန်းပါတယ်"ဟု သီပေါဒေသခံ ဦးခင်အောင်ဆွေက ပြောဆို သည်။
သဝဏ်လွှာပို့
ဆန္ဒထုတ်ဖော် ချီတက်လမ်းလျှောက်သူ များသည် စုရပ်ဖြစ်သည့် မဟာဗန္ဓုလပန်းခြံရှေ့ အရောက်တွင် ဘူးလက်ဦးလှဆွေနှင့် ဦးခင် အောင်ဆွေတို့က ဟောပြောခဲ့ကြပြီး အဆိုပါ အခမ်းအနားသို့ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ (ရန်ကုန်)မှ သဝဏ်လွှာပေးပို့ခဲ့သည်။
















