မိုးကောင်း၌ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးသွန်းရုပ်တု ရောက်ရှိ

မိုးကောင်း၌ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးသွန်းရုပ်တု ရောက်ရှိ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုပ်ချုပ်အောင်ဆန်းအား အမြဲအမှတ်ရစိမ့် သောငှာဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်မည့် ဗိုလ်ချုပ်မြင်းစီးကြေးသွန်းရုပ်တု မိုးကောင်း မြို့သို့ ရောက်ရှိပြီဖြစ်သည်။

ကချင်ပြည်နယ် မိုးကောင်းမြို့ ဈေးကုန်း ရပ်ကွက် မိုးကောင်းခန်းမ၌ ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးသွန်းရုပ်တု အား မန္တလေးမြို့မှ ဇန်နဝါရီ ၃၁ ရက်က သယ်ယူရေးဆပ်ကော်မတီမှ ဦးကျော်လွင်စိုး (လောကတ္တစရိယနာရေးကူညီမှုအသင်းဥက္ကဋ္ဌ)ဦးဆောင်၍ သယ်ဆောင်လာရာ လမ်းခရီး တစ်လျှောက် ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသူများက သောင်းသောင်းဖြဖြကြိုဆိုကြပြီး ဖေဖော်ဝါရီ ၂ရက်၌ မိုးကောင်းမြို့သို့ မွန်းလွဲ ၁ နာရီခွဲတွင် ရောက်ရှိခဲ့သည်။

အဆိုပါကြေးသွန်းရုပ်တုကို ဦးမောင်ကြီး+ ဒေါ်တင်တင်အုန်း (မြင့်ထွန်းဦးကျောက်စိမ်း ကျောက်/မျက်ကုမ္ပဏီမှ)မတည်လှူဒါန်းငွေ ကျပ်သိန်း ၄၅၀ ဖြင့် ကြေးပိဿာချိန် ၈၀ဝ အသုံးပြုကာ အမြင့် ၁၃ ပေ၊ အလျား ၁၄ ပေ၊ အနံငါးပေ အလေးချိန်စုစုပေါင်း ၁ ဒသမ ၃ တန်ကို ကျပ်သိန်း ၄၃၀ အကုန်အကျခံ၍ သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။

ကြေးသွန်းရုပ်တုထားရှိရန် အောက်ခံကလပ် ခုံကို မနောဧကရီဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်သိန်း ၁၀ဝ ကျော် အကုန်အကျခံကာ တည်ဆောက်လှူဒါန်းပြီး ကျောက်စိမ်းနယ်မြေ တွင် ကြေးသွန်းရုပ်တုထားရှိရန် ကလပ်ခုံ အောက် ၁၀ ပေပတ်လည်ကို ကျောက်စိမ်း အစစ်များ ကပ်မည်ဖြစ်၍ ရှေ့မျက်နှာစာရှိ ကျောက်ပြားပေါ်၌ အလှူရှင်များ၏ ကမ္ပည်း မှတ်တမ်းရေးထွင်းမည်ဖြစ်ကာ လိုအပ်သော ကျောက်စိမ်းပြားများကို ဦးမောင်ကြီး+ ဒေါ်တင်တင်အုန်း-၊ ဦးမောင်အေး+ဒေါ်သီတာ အေးနှင့် မိုးကောင်းမြို့ ကျောက်မျက်လုပ်ငန်း ရှင်များအသင်းမှ လှူဒါန်းခဲ့သည်။

ကြိုဆို

မိုးကောင်းမြို့အဝင်၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ မြို့နယ်ပါတီဝင်များ၊ အထက (၁)(၂)ဘင်ခရာတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာန မိသားစုများ၊ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသူများက သောင်းသောင်းဖြဖြကြိုဆိုကြကြောင်း သိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး