MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ဒုတိယအကြိမ် တပ်သားသစ်စုဆောင်း

MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ဒုတိယအကြိမ် တပ်သားသစ်စုဆောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ နန့်ကျင်စံကျေးရွာမှ ရွာသား ၁၁ ဦးကို ဇန်နဝါရီ ၂၇ ရက်က အဓမ္မခေါ်ဆောင်သွားပြီး နန့်ကျင်စံကျေးရွာနှင့် လောက်ခိုက်ကျေးရွာမှ လူဦးရေ ၃၅၀ ဝန်းကျင်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ကွမ်းလုံမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

''ကိုးကန်တပ်ဖွဲ့က နန့်ကျင်စံဆိုတဲ့ရွာလေးကို ဝင်ပြီးလူသစ်စုဆောင်းတာပေါ့ လူ ၁၂ ယောက်ခေါ်သွားတယ်။ MNDAAက ရွာတွေကိုဝင် လူခေါ်တာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။ ပထမ တစ်ကြိမ်က ၁၆ ယောက်ခေါ်သွားတယ်။ ၃ ယောက်ပြန်လွတ်လာတယ်။ ၁၃ ယောက်ကျန်သေးတယ်။ အခုလည်း ခေါ်သွားတာ ၁၂ ယောက်၊ တစ်ယောက်ပြန်လွတ်လာတယ်။ဒီတစ်ခေါက်တော့ ၁၁ ယောက်ပါသွားတယ်။ တစ်လအတွင်း နှစ်ကြိမ်ရှိပြီ'' ဟု ကွမ်းလုံ အုပ်ချုပ်ရေးမှူးဦးအီနွယ်လှိုင်ပူက ပြောသည်။

''လူဦးရေ ၆၀ဝ ကျော် ကျေးရွာပေါင်း ၅ ရွာကလူတွေ နေရပ်စွန့်ခွာခဲ့ရတယ်။ခေါ်သွားတဲ့ သူတွေ  ပြန်လွတ်မလာကြသေးဘူး။လက်ရှိကျေးရွာတွေရဲ့ လုံခြုံရေးကိုတော့ တပ်မတော်က တာဝန်ယူပေးထားတယ်။''ဟု ၎င်းကဆက်လက်ပြောကြားသည်။

တပ်သားသစ်စုဆောင်း၍ ထွက်ပြေးတိမ်းရှောင်လာသူများသည် ကန်မိန်းကျေရွာ ကဘော်ဒါဆောင်နှင့် နီးစပ်ရာဆွေမျိုးအိမ်များ၌ ခိုလှုံနေကြပြီး ကွမ်လုံအခြေစိုက်တပ်ဗျူဟာ၊ ကွမ်းလုံအုပ်ချုပ်ရေးမှူးရုံး လားရှိုးလူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအပါအဝင်အခြားပါတီလူမှုအဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် သူများထဲတွင် အသက်အငယ်ဆုံး ၁၄ နှစ်မှ အကြီးဆုံးအသက် ၆၀ ကျော်အဘိုးအိုများလည်းပါဝင်ကြောင်း မိသားစုဝင်များက ဆိုသည်။

ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့်သူ အများစုသည် ကိုးကန့်လူမျိုးများဖြစ်ပြီး ပြန်လွတ်လာသူများက မြောင်ဇီးတိုင်းရင်းသားများဖြစ်ကြသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး