မြန်မာ့လက်ရွေးစင်အသင်း မတ်လအတွင်း ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ အတွက် အရှေ့တောင်အာရှနှင့် အာရှမှအသင်း နှစ်သင်းကို ကမ်းလှမ်းထားပြီး အပြီးသတ်သဘော တူညီမှုရရန် နီးစပ်လျက်ရှိကြောင်း ဘောလုံး အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဖိတ်ကြားထား
မြန်မာ့လက်ရွေးစင်အသင်းသည် ဖီဖာ အသိအမှတ်ပြုနိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲကို မတ် ၉ ရက်နှင့် ၂၅ ရက်တို့တွင် မန္တလေးမြို့ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါခြေစမ်းပွဲနှစ်ပွဲအတွက် အရှေ့တောင် အာရှမှ အသင်းတစ်သင်းနှင့် အာရှမှ အသင်း တစ်သင်းတို့ကို ဖိတ်ကြားထားသည်။ ခြေစမ်းပွဲ အတွက် အဆိုပါအသင်းနှစ်သင်းနှင့် အကြို သဘောတူညီမှုရရှိထားပြီးဖြစ်သော်လည်း အပြီးသတ်သဘောတူညီမှုရရန်အတွက် ဆွေး နွေးညှိနှိုင်းလျက်ရှိနေသည်။
ရပ်တည်လျက်ရှိ
"ခြေစမ်းပွဲအတွက် အသင်းအမည်တွေ ကို လောလောဆယ်တော့ ထုတ်ဖော်ပြောဆိုလို့ မရသေးပါဘူး။ အရှေ့တောင်အာရှအသင်း ကတော့ ဖီဖာအဆင့်သတ်မှတ်ချက်မှာ ကျွန် တော်တို့ထက် နိမ့်ပါတယ်။ နှစ်သင်းစလုံးနဲ့ ခြေစမ်းဖို့ အကြိုသဘောတူညီမှုရပြီးပါပြီ။ အပြီးသတ် သဘောတူညီမှုရဖို့အတွက် ကြိုး စားနေပါတယ်"ဟု ဦးကိုကိုသိန်းက ပြောဆို ခဲ့သည်။ ဖီဖာမှထုတ်ပြန်ထားသည့် အရှေ့ တောင်အာရှ အဆင့်ရပ်တည်မှုတွင် မြန်မာ အသင်းမှာ အဆင့်လေးနေရာ၌ ရပ်တည် လျက်ရှိပြီး မြန်မာအသင်း၏ နောက်တွင် အင်ဒိုနီးရှား၊ စင်ကာပူ၊မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနှင့် တီမောအသင်းတို့ အစဉ် လိုက်ရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ခြေစမ်း ကစားရန် အပြီးသတ်သဘောတူညီမှုရခဲ့ပါက အဆိုပါအသင်းနှစ်သင်းအတွက် နေထိုင် စားသောက်စရိတ်များကိုသာ အကုန်အကျခံ ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ကို ခန့်အပ်ရခြင်းမရှိသေးဘဲ မတ်လတွင် ကစားမည့် ခြေစမ်းပွဲများမတိုင်ခင် ခန့်အပ် ရန်ပြင်ဆင်လျက်ရှိသည်။ လက်ရွေးစင်နည်းပြ ချုပ်ခန့်အပ်ပြီးပါက မိတ်ဆက်သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး ယင်းအခမ်းအနား တွင် ခြေစမ်းကစားမည့် အသင်းနှစ်သင်းအမည် ကို ထုတ်ပြန်ပေးမည်ဟု သိရသည်။















