နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လိုက်ပါခဲ့သောရဟတ်ယာဉ် ဟိုက်ဒရောလစ် ဆီယိုစိမ့်မှုဖြစ်၍ အရေးပေါ်ဆင်းသက်ခဲ့ရ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လိုက်ပါခဲ့သောရဟတ်ယာဉ် ဟိုက်ဒရောလစ် ဆီယိုစိမ့်မှုဖြစ်၍ အရေးပေါ်ဆင်းသက်ခဲ့ရ

ရှမ်းပြည်နယ်သို့  ရောက်ရှိနေ သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မိုင်းတုံ မြို့ လူထုတွေ့ဆုံပွဲအပြီး မိုင်းဆတ်မြို့ သို့ထွက်ခွာစဉ် ၎င်းလိုက်ပါလာသည့် တပ်မတော်ရဟတ်ယာဉ်သည်  ဟိုက် ဒရောလစ်ဆီယိုစိမ့်မှုဖြစ်၍ အရေးပေါ် ဆင်းသက်ခဲ့ရပြီး အခြားတပ်မတော် ရဟတ်ယာဉ်ဖြင့် အစားထိုးကာ မိုင်း ဆတ်မြို့သို့  ခရီးဆက်ခဲ့ရကြောင်း သိရသည်။

ရှမ်းပြည်နယ်ရှိ တာချီလိတ်၊ မိုင်းယောင်း၊ ကျိုင်းတုံမြို့တို့၌ လူထုတွေ့ဆုံပွဲများ ပြုလုပ် ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်တွင် မိုင်းတုံမြို့၌ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိုင်းတုံ-တာဆန်းတံတား ပန္နက်ရိုက်ပွဲအခမ်းအနားအပြီး မွန်းလွဲပိုင်းက မိုင်းဆတ်မြို့ ခရီးစဉ်၌ ယင်းကဲ့သို့ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

တောင်းပန်ခဲ့

ခရီးစဉ်ကြန့်ကြာမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မိုင်းဆတ်မြို့နယ် ပြည်သူလူထုနှင့်တွေ့ဆုံစဉ် "ကျွန်မတို့တွေ့ဆုံပွဲကို ကြွရောက် လာတဲ့ ပြည်သူလူထုအားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မ လမ်းမှာ နည်းနည်းနောက် ကျသွားလို့ တောင်းပန်ပါတယ်။ အကြောင်းကြောင်းကြောင့် ကျွန်မတို့ခရီးက နည်းနည်းကြာ သွားတယ်။ မိနစ် ၂၀ လောက်နောက်ကျသွားပါတယ်"ဟု နှုတ်ခွန်းဆက်စကား၌ ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်ရဟတ်ယာဉ်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားဒေသများသို့ သွားရောက်သည့် ခရီးစဉ်များတွင် တပ်မတော်ရဟတ်ယာဉ်ကို အသုံးပြုလေ့ရှိကြောင်း သိရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ယူပြီးနောက် သုံးနှစ်နီးပါးကာလအတွင်း  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ရခိုင်ပြည်နယ်များသို့ သွားရောက်ခဲ့သည်။

အလေးထားပြောလေ့ရှိ

၎င်း၏ တိုင်းရင်းသားဒေသခရီးစဉ်များအတွင်း မတူကွဲပြားသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား အပြန်အလှန်လေးစားမှုရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်း ရင်းသားအားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အလေးထားပြောဆိုလေ့ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး