မြစ်ဆုံစီမံကိန်း အပြီးရုပ်သိမ်းရန် မြစ်ကြီးနား၌ ပြည်သူ ၇၀ဝ၀ ခန့်ဆန္ဒထုတ်ဖော်

မြစ်ဆုံစီမံကိန်း အပြီးရုပ်သိမ်းရန် မြစ်ကြီးနား၌ ပြည်သူ ၇၀ဝ၀ ခန့်ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်တည်ဆောက်မှု စီမံကိန်း အပြီးတိုင်ရုပ်သိမ်းပေးရန် ဖေဖော်ဝါရီ ၇ ရက် နံနက် ၉နာရီမှ ၁၂ နာရီအထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်သူ ၇၀ဝ၀ ခန့် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများမှာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့မှ ဒေသခံများဖြစ်ကြပြီး မြစ်ကြီးနားမြို့ လယ်ရှိ မနောကွင်းမှစတင်၍ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"မြစ်ဆုံရေကာတာစီမံကိန်းကို အပြီးဖျက်သိမ်းပေးဖို့ ပြည်သူအားလုံးက လိုလားကြတယ်၊ ဒီအတွက်ကြောင့် ကျွန်တော်တို့ကန့်ကွက်ဆန္ဒပြရခြင်းဖြစ်တယ်။ ဒုတိယအချက်က တရုတ် ဘက်က မဟုတ်မမှန်တဲ့သတင်းတွေထုတ်ပြန်နေတဲ့အတွက် ကချင်ပြည်သူပြည်သားတွေက လုံးဝသဘောမတူကြောင်း သက်သေပြတဲ့အနေနဲ့ အခုလိုလုပ်ရခြင်းဖြစ်ပါတယ်"ဟု မြစ်ဆုံ ရေကာတာတည်ဆောက်မှု အပြီးတိုင်ရပ်စဲရေးကော်မတီဝင် ကိုနော်အောင်က ပြောဆိုသည်။

ကြွေးကြော်သံ

မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ရေကာတာဆောက်လုပ်ခြင်း အလို မရှိစသည့် ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ မြစ်ဆုံဆည် အပြီးတိုင်ဖျက်သိမ်းရေးအလိုမရှိဟု ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အန္တရာယ်များ

"ဒီစီမံကိန်းဖြစ်သွားရင် မြစ်ကြီးနားမှာနေတဲ့သူတွေ အမြဲတမ်းစိုးရိမ်စိတ်နဲ့နေကြရမှာ။ မြစ်ဆုံမှာလည်း ရွာတွေ အများကြီးရှိတယ်။ သူတို့လည်းနေလို့ရမှာ မဟုတ်တော့ဘူး။ အန္တရာယ် တွေအရမ်းများတယ်။ ဧရာဝတီမြစ်က ခုနစ်နှစ်မှာတစ်ခါ ရေကြီးတယ်၊ ဖြစ်နေကျပေါ့။ အန္တရာယ်များတယ"ဟု ဆန္ဒထုတ်ဖော်ရာ၌ပါဝင်သည့် ကချင်လူငယ် ဂျီးနော်က ပြောဆိုခဲ့ သည်။

ပို့လွှတ်မည်

အဆိုပါစီမံကိန်းကို ၂၀ဝ၆ ခုနှစ်က တရုတ်နိုင်ငံပိုင် China Power Investment Corporation (CPI) ကုမ္ပဏီနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား ချုပ်ဆိုခဲ့သည့်စာချုပ်အရ မြစ်ဆုံဒေသတစ်ဝိုက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် ရေကာတာကြီး ခုနစ်ခုတည်ဆောက် ပြီးပါက ရရှိလာမည့်လျှပ်စစ်ကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး