ကယား၌ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားရေးသပိတ်ရဲတပ်ဖွဲ့က ဖြိုခွင်း၊ ၃၆ ဦးအဖမ်းခံကြရပြီးအာမခံဖြင့်ပြန်လွှတ်၊ သပိတ်စခန်းပြန်ဖွင့်

ကယား၌ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားရေးသပိတ်ရဲတပ်ဖွဲ့က ဖြိုခွင်း၊ ၃၆ ဦးအဖမ်းခံကြရပြီးအာမခံဖြင့်ပြန်လွှတ်၊ သပိတ်စခန်းပြန်ဖွင့်

ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးအတွက် ကယားပြည်နယ်အင်န် အယ်လ်ဒီရုံးရှေ့တွင်ဖွင့်လှစ်ထားသည့်သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ ဖေဖော် ဝါရီ ၇ ရက် ညနေပိုင်းတွင်ဖြိုခွင်းခံရကာ ၃၆ ဦးဖမ်းဆီးခံရပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်းကရင်နီပြည်လူငယ်အင်အားစုမှ သပိတ်စခန်း ခေါင်းဆောင် ကိုဒီးဒီးက ဖေဖော်ဝါရီ ၇ ရက် တွင်  မြန်မာတိုင်းမ်နေ့စဉ်သို့  ပြောဆိုသည်။

"၃၆ ဦးကိုဖမ်းဆီးပြီး လွိုင်ကော်ရဲစခန်း ခေါ်သွားတယ်။ ပုဒ်မ ၁၉ နဲ့အမှုဖွင့်ပြီး အာမခံ ပေးတယ်။ အခုညနေ ၆ နာရီကစပြီး အဲဒီ နေရာမှာပဲ သပိတ်စခန်းပြန်ဖွင့်ထားပြီးပါပြီ"ဟု ၎င်းက ပြောဆိုသည်။

သပိတ်မှောက်သွားမည်

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာ ဟေဝန်ပန်းခြံတွင်စိုက်ထူခဲ့သော ဗိုလ်ချုပ် ကြေးရုပ်အား ဖယ်ရှားပေးရေးအတွက် ကရင်နီ လူငယ်အင်အားစုများက ဖေဖော်ဝါရီ ၂ ရက်  ညနေပိုင်းမှစတင်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်သပိတ်မှောက်နေခဲ့ခြင်းဖြစ်ပြီး ငါးရက်မြောက်နေ့ဖြစ် သည့် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက လာရောက်ဖြိုခွင်းခဲ့သော်လည်း နောက်ရက်များတွင် ဆက်လက်ဆန္ဒထုတ်ဖော် သပိတ်မှောက် သွားမည်ဖြစ်ကြောင်း သပိတ်ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။

"ဒီနေ့ ကျွန်တော်တို့သပိတ်ဖြိုခွင်းခြင်းခံရ တယ်။ လက်ရှိတော့ သပိတ်မှာပါဝင်သူတွေ အားလုံးကို ဖမ်းခေါ်သွားတယ်။ ဒီသပိတ်ကို ဖြိုခွဲလိုက်တာနဲ့ ကျဆုံးသွားတာမဟုတ်ပါဘူး။နောက်ရက်တွေမှာ  ဒီ့ထက်ပိုအင်အားများ အောင်ပြန်လာပြီးတော့မှ သပိတ်ပြန်လည် ဖွင့်မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားရေး   သို့မဟုတ် ရွှေ့ပြောင်းပေးရေးအတွက် ဆက် လက်လုပ်ဆောင်သွားမယ်။ မရမချင်းဆက်ပြီး သပိတ်စခန်းရှိနေမယ်ဆိုတာ ပြောချင်ပါတယ်" ဟု သပိတ်မှောက်ရာတွင်ပါဝင်ခဲ့သူတစ်ဦးက ပြောဆိုသည်။

ထိန်းသိမ်းခံခဲ့ရ

ကယားပြည်နယ် လွိုင်ကော်မြို့၌ ဗိုလ်ချုပ် ကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်မှုများရှိသော် လည်း ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် ထောက်ခံပွဲနှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲမပြုလုပ်မီ ကြေးရုပ်စတင် စိုက်ထူစဉ်ကတည်းက သပိတ်မှောက်မှုများ ရှိခဲ့ပြီး ယင်းသပိတ်စခန်းသည်လည်း ဖြိုခွဲဖမ်း ဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ဗိုလ်ချုပ်ကြေး ရုပ်စိုက်ထူမှုကန့်ကွက်သည့်သပိတ်အား ဖြိုခွဲ ဖမ်းဆီးထိန်းသိမ်းမှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း လူမှုအဖွဲ့အစည်းများက သဘောထားထုတ်ပြန်မှုများရှိခဲ့သော်လည်း  ယခုအခါ ရဲတပ်ဖွဲ့မှထပ်မံဖြိုခွင်းခဲ့ခြင်းလည်း ဖြစ်သည်။

ကရင်နီပြည် လူငယ်အင်အားစုများက လည်း သမ္မတဦးဝင်းမြင့်ထံသို့ ဖေဖော်ဝါရီ ၁ ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး အဆိုပါအိတ်ဖွင့်ပေးစာတွင်  သမ္မတအနေဖြင့် စိစစ်စစ်ဆေးပြီး ဌာနေတိုင်း ရင်းသားပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ရုပ်တုကိုအတင်းတည်ဆောက်နေခြင်းအား  တား ဆီးရုပ်သိမ်းပေးပါရန် မေတ္တာရပ်ခံထားသည်။

ရုပ်တုဖယ်ရှားပေးရေး

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာ ဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်ထားရှိစိုက်ထူရန် ကြိုးပမ်းစဉ်ကတည်းက ကရင်နီပြည်လူငယ်အင်အားစုများ အပါအဝင် ဒေသခံအများစုက ကန့်ကွက်ခဲ့ကြသော်လည်း ဇန်နဝါရီ ၃၁ ရက်တွင် အတင်းအကျပ်စိုက်ထူမှု ကြောင့် ဒေသခံများက ရုပ်တုဖယ်ရှားပေးရေး အတွက်သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး လက် ရှိတွင် ရုပ်တုဖယ်ရှားပေးရေးအတွက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ဆက်လက် သပိတ်မှောက်နေကြခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး