ရန်ကုန်သတင်းစာပညာကျောင်း၏၂၀၁၉ဆောင်းပါးပြိုင်ပွဲဆုပေးပွဲတွင် ပြိုင်ပွဲဝင်ဆောင်းပါး၉၉ပုဒ်မှဆယ်ပုဒ်ကိုဆုချီးမြှင့်ခဲ့သည်။
ဆုပေးပွဲကိုယနေ့ဖေဖော်ဝါရီ၁၀ရက် နံနက်ပိုင်းက ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
အကောင်းဆုံးဆောင်းပါးဆုကိုfrontierမဂ္ဂဇင်းမှသာပေါင်းစက္ကူစက်အကြောင်းရေးသားသည့်At the Thabaung paper mill boondoggle,land grabs,a dead river and a budget black holeကရရှိခဲ့သည်။
ထို့ပြင် မြန်မာတိုင်းမ်ဂျာနယ်မှprofiteering from Deathနှင့်လူတို့၏အနီးဆုံးရန်သူဆောင်းပါးတို့ကဆုရခဲ့သည်။
7dayNewsjournalမှအင်းစိန်မှရှားလော့ဟုမ်းများ၊ငရဲခန်းသို့စာချုပ်ချုပ်၍လိုက်သွားခြင်းနှင့်မြစ်ဧရာရင်ခွင်တွင်ငါးမျိုးသုဉ်းလုချိန်ဆောင်းပါးတို့ဆုရရှိခဲ့သည်။
အခြားဆောင်းပါးများဖြစ်ကြသည့် ဆလုံနတ်ဆရာအို၏နေညိုချိန်၊ကျောက်ဆည်ကဥပဒေစိုးမိုးရေးရှာပုံတော်၊မိုင်းခင်းလမ်း၊စစ်ဘေးဒုက္ခနဲ့မယ်သဝေါဒေသ၊အဓမ္မကြောင့်ရလာသည့်ကိုယ်ဝန်ကိုဖျက်ချခွင့်ပေးသင့်မပေးသင့်ဆောင်းပါးတို့လည်းဆုရရှိခဲ့သည်။

















