ဖားကန့်တွင် သက်တမ်းကုန်လုပ်ကွက်အတွင်းရှိ ကျောက်စိမ်းကမ်းပါးယံပြိုကျ ကျောက်စိမ်းအရိုင်းတုံး ကီလို ၆၀ဝ ကျော်ရှာဖွေရရှိ၍ ဆက်လက်လုပ်ဆောင်

ဖားကန့်တွင် သက်တမ်းကုန်လုပ်ကွက်အတွင်းရှိ ကျောက်စိမ်းကမ်းပါးယံပြိုကျ ကျောက်စိမ်းအရိုင်းတုံး ကီလို ၆၀ဝ ကျော်ရှာဖွေရရှိ၍ ဆက်လက်လုပ်ဆောင်

သက်တမ်းကုန်ကျောက်စိမ်းလုပ်ကွက်တစ်ခုဖြစ်သည့် ဖားကန့် ဆိပ်မူကျေးရွာအုပ်စု မက်လင်ချောင်ကျေးရွာအနီးရှိ ကျောက်စိမ်းကမ်းပါးယံပြိုကျခဲ့ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ ကျောက်စိမ်းအရိုင်းတုံး ကီလို ၆၀ဝ ကျော်တွေ့ရှိခဲ့ပြီး ရှာဖွေမှုများကိုလည်းဆက်လက်လုပ်ဆောင်နေကြောင်း ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြိုကျ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု မက်လင်ချောင်ကျေးရွာအနီးတွင် ဖေဖော် ဝါရီ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဧရာမ ကျောက် စိမ်းကမ်းပါးကြီးတစ်ခုပြိုကျခဲ့ရာ ပြိုကျသည့် ကမ်းပါး ကြီးမှာ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်နေရာဟု လည်း ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) မှ သိရ သည်။ အဆိုပါကမ်းပါးကြီးမှာ အမြင့်ပေ ၆၀ဝ ခန့်မြင့် မားပြီး အလျား ပေ ၁၀ဝ၀ ခန့်ကျယ်ဝန်းသည်ဟု သိရ သည်။

စတင်

အဆိုပါပြိုကျသည့်ကမ်းပါးမှာ အဖိုးတန် ကျောက်စိမ်းအရိုင်းတုံးများပါရှိလာနိုင်သည့်အတွက် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) ၏ကြီးကြပ်မှုဖြင့် ကျောက်စိမ်းအရိုင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။

တာဝန်ခံများပါဝင်

 ကျောက်စိမ်းအရိုင်းများရှာဖွေရာတွင်  မျိုးနွယ်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ ဘက်ဟိုးငါးစီး၊ ကျောက် ရှာဖွေသည့် ဝန်ထမ်း ၁၅ ဦးဖြင့် ရှာဖွေနေသည်။ ကျောက်စိမ်းအရိုင်းရှာဖွေရာနေရာသို့ ကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူလေးဦး၊ ဆက်စပ်အကျိုးတူလုပ်ကွက်များမှ အနီးကပ်ကြီးကြပ်အဖွဲ့ဝင် လေးဦး၊ တိုင်းတာရေး တစ်ဦးနှင့်  ပုဂ္ဂလိကလုပ်ကွက်များမှ တာဝန်ခံများပါဝင်ခဲ့ သည်။

ကျောက်စိမ်းအရိုင်းရှာဖွေမှုလုပ်ငန်းများကို ဖေဖော် ဝါရီ ၈ ရက် ညနေ ၄ နာရီတွင် ရပ်နားခဲ့ပြီးဖေဖော်ဝါရီ ၉ ရက်တွင် ဆက်လက်ရှာဖွေလျက်ရှိသည်။

သုံးဆင့်ထပ်ရှာ

"ဒီနေ့ရှာတာကတော့ ကီလို ၆၀ဝ ကျော်ရတယ်။ နောက်နေ့လည်း ဆက်ရှာမှာပါ။ အလေအလွင့်မဖြစ်အောင် သုံးဆင့်ထပ်ရှာတာပါ"ဟု ကျောက်စိမ်းအရိုင်းရှာဖွေရေး တာဝန်ခံက ပြောဆိုသည်။

တစ်ခုအပါအဝင်

ယခုပြိုကျခဲ့သည့် နေရာများသည် မြန်မာ့ကျောက် မျက်ရတနာ ရောင်းဝယ်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြည်ထောင်စုဝန်ကြီးထံသို့  မြေစာပစ်လမ်းဖောက်လုပ်ခွင့် လျှောက်ထားသည့်နေရာ ပေါင်းများစွာအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ယခုကဲ့သို့ ပြိုကျနိုင်သည့် ကျောက်စိမ်းကြောရှိသည့် နေရာများတွင် ကျောက်စိမ်းများကျန်ရှိနေသည်ဟုလည်း ကုမ္ပဏီလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။

ခွင့်ပြုမိန့်မကျ

"ဒီလိုနေရာမျိုးတွေ တော်တော်များများရှိသေးတယ်။ ဒါတွေကို ခေါင်းပေါင်းကျင်းခွင့်၊ လမ်းဖောက်လုပ်ခွင့်တွေ တင်ထားတာကြာပြီ။ အခုထိလည်း ခွင့်ပြုမိန့်က ကျမလာ သေးဘူး"ဟု ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

အထူးကြပ်မတ်

မြေစာပစ်ကားလမ်းနှင့် ခေါင်းပေါင်းကျင်းခွင့်လျှောက် ထားသည့်နေရာများသည် သက်တမ်းကုန်ဆုံးသွားသော ကျောက်စိမ်းကြောများဖြစ်သည့်အတွက် နိုင်ငံတော်မှ အဖိုးတန် ကျောက်စိမ်းအရိုင်းတုံးများ လေလွင့်ပျောက် ဆုံးမှုမရှိစေရန် အထူးကြပ်မတ်ဆောင်ရွက်သင့်သည်ဟု ဒေသခံများနှင့် ပြည်သူများက သုံးသပ်ပြောဆိုကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး