ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေကြောင့် ခရီးသွားပြည်သူများကိုရှောင်တခင်စစ်ဆေး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေကြောင့် ခရီးသွားပြည်သူများကိုရှောင်တခင်စစ်ဆေး

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် စစ်ရေးတင်းမာမှုအခြေအနေများကြောင့် ခရီးသွားပြည်သူများကို အာဏာပိုင်များက ရှောင်တခင်စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိရာ ခရီးသွားပြည်သူများ သတိထားသွားလာ နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဆေးနေ

အထူးသဖြင့် ကျောက်တော်-ပလက်ဝလမ်း ကုလားတန်မြစ်ကြောင်းနှင့် လေးမြို့မြစ်ကြောင်းတစ်လျှောက်တို့တွင် သွားလာနေကြသည့် ခရီးသည်များကို တပ်မတော်မှ ရပ်တန့်စစ်ဆေးလျက်ရှိသည်။

တန်းစီပြီးစစ်

"အထုပ်တွေကိုဖွင့်ပြီး အားလုံးစစ်တယ်။ ဘာရှာတယ်ဆိုတာတော့ မသိဘူး။ ယူနီဖောင်းဝတ်ပြီး သေနတ်တွေကို ျအညေိ ဘပ ကိုင်လို့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း အားလုံးကိုတန်းစီပြီးစစ်တယ်။ တပ်မတော်က စစ်တာ၊ ပလက်ဝက ကျောက်တော်ကိုလာတဲ့ လိုင်းဆွဲနေတဲ့စက်လှေတွေ၊ ပြီးတော့ ခေါင်းမိုးမပါတဲ့စက်တပ်လှေတွေကိုလည်း စစ်တယ်။ အဲဒီကမ်းနားတွေမှာ သူတို့ရှိတယ်"ဟု ရက္ခအလင်းတန်းအဖွဲ့မှ ဒါရိုက်တာ မာမာကျော်ဇေက ပြောဆိုသည်။

ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်နှင့် ရသေ့တောင်၊ ကျောက်တော်မြို့နယ်များအတွင်း နေအိမ်တချို့တွင် လည်း ပုံမှန်မဟုတ်သော ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများရှိနေရာ ဒေသခံများက စိုးရိမ်နေကြကြောင်း သိရ သည်။ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းကျေးရွာများသို့ စားနပ်ရိက္ခာယူဆောင်နေခြင်းကိုလည်း မြန်မာ့ တပ်မတော်မှ ကန့်သတ်ထားမှုများလည်းရှိနေကြောင်း သိရသည်။

အစစ်အဆေးများ

"အခု မလွှဲသာလို့ခရီးတစ်ခုသွားရင် ဖုန်းကိုအရင်စစ်ရတယ်။ အေအေနဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ်က ဓာတ်ပုံတွေ၊ စာတွေဖျက်ရတယ်။ နောက် မှတ်ပုံတင်ယူသွားရတယ်။ လမ်းမှာ အစစ်အဆေးများတယ်။ ပုံမှန်စစ်နေတာတော့ မဟုတ်ဘူး"ဟု မြောက်ဦးမြို့မှဒေသခံတစ်ဦးက ပြောဆိုသည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များရှိ ကျေးရွာများတွင်လည်း အေအေလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုရှိမရှိကိုစစ်ဆေးရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့စွဲဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး